BBC navigation

ဒေါ်အောင်ဆန်းစုကြည် AIDS သံတမန် ဖြစ်

နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2012 - 01:20 GMT
Aung San Suu Kyi

အေအိုင်ဒီအက်စ် ရောဂါသည်တွေ အပေါ် ခွဲခြားဆက်ဆံမှု လုံးဝ မရှိရေးအတွက် ကမ္ဘာ တဝန်းမှာ ဦးဆောင် ပြောဆိုဖို့ သံတမန် တစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ UNAIDS အဖွဲ့က ရွေးချယ် ခန့်အပ်လိုက်ပါတယ်။

HIV/AIDS ဝေဒနာသည်တွေ အပေါ် ခွဲခြားဆက်ဆံ တာတွေ မလုပ်ဖို့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်က ရပ်တည် ဆောင်ရွက်ပေး နေလို့ မကြာခင်က UNAIDS အမှုဆောင် ညွှန်ကြားရေးမှူး မီရှဲလ် ဆီဒီဘေး မြန်မာနိုင်ငံ ရောက်ရှိစဉ် ဒီတာဝန် ယူဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာ ရပ်ခံခဲ့တာလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီလို ရွေးချယ် တာဝန်ပေး ခံရတာ ဂုဏ်ယူကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ် အစောပိုင်း ကလည်း ဝါရှင်တန် မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ AIDS တိုက်ဖျက်ရေး ညီလာခံမှာ HIV/AIDS ဝေဒနာသည် တွေကို တန်းတူထား ဆက်ဆံဖို့ ကမ္ဘာ့လူထုကို ဗီဒီယိုက တိုက်တွန်း သွားတယ်လို့ UNAIDS အဖွဲ့ မြန်မာနိုင်ငံ ညှိနှိုင်းရေးမှူး Eamonn Murphy က ပြောပါတယ်။

လောလောဆယ် လူမှုအသိုင်းအဝိုင်းမှာ HIV/AIDS ဝေဒနာသည်တွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ နေရာ အတော်များများမှာ ရှိနေဆဲလို့လည်း မစ္စတာ မာဖီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်မှု အခက်အခဲတွေထဲမှာ ငွေကြေးရန်ပုံငွေ နဲ့ အကူအညီပေးနိုင်မယ့် လူသား အရင်းအမြစ် ရှိဖို့တွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။