BBC navigation

ဆိုးဆေးသုံး ငရုတ် သီးမှုန့် ကင်ဆာ ဖြစ်နိုင်

နောက်ဆုံး ရေးသားချိန် 22 နိုဝင်ဘာလ 2012 - 12:22 GMT
Chilli Powder

စက်မှုသုံး အရောင်များဆိုးထားလျင် ကင်ဆာ ဖြစ်နိုင်

မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ ထုတ်လုပ် စားသုံး နေကြတဲ့ ငရုတ်သီးမှုန့်၊ နနွင်း မှုန့်တွေမှာ ဓါတု ဆိုးဆေးတွေ အသုံးပြုထားပြီး ၊ အဲဒီဆိုးဆေးတွေဟာ ကင်ဆာ ရောဂါ ဖြစ်ပွား စေနိုင်တယ်လို့ အစား အသောက်နဲ့ ဆေးဝါး ကွပ်ကွဲရေး ဌာန အရာ ရှိ တဦးက ဘီဘီစီကို ပြောပါတယ်။

၂၀၁၂ ခုနှစ် အတွင်း မြန်မာ နိုင်ငံ အနယ်နယ် အရပ်ရပ် စျေးကွက်တွေမှာ ကျယ်ကျယ် ပြန့်ပြန့် ရောင်းချ နေတဲ့ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာ ၁ဝဝဝ ကျော်ကို အစား အသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနက စစ်ဆေးခဲ့ပါတယ်။

အဲသလို စစ်ဆေး ရာမှာ ငရုတ်သီးမှုန့် ၅၃၄ မျိုးစစ်ဆေးခဲ့ တဲ့အနက် ၁၇၅ မျိုးဟာ ကင်ဆာဖြစ် စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်နေတယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ် ကွဲရေး ဌာန ဒုတိယ ညွှန်ကြား ရေးမှူး ဒေါက်တာ ဒေါ်မြင့်မြင့်က ပြောပါတယ်။

ကင်ဆာ ဖြစ်စေ နိုင်တဲ့ ဆိုးဆေး အဖြစ် အဓိက တွေ့ရှိခဲ့တာက Auramine O ခေါ် အဝါရောင် ဆိုးဆေးနဲ့ Rhodamine B ခေါ် အနီရောင် ဆိုးဆေးတို့ ဖြစ်ပါတယ်။ ဒီဆိုးဆေး နှစ်မျိုးစလုံးဟာ စားသောက်ကုန် ဆိုးဆေးတွေ မဟုတ်ကြဘဲ ချည်ဆိုးဆေး တွေသာ ဖြစ်ကြပြီး အန္တရာယ် အလွန်ကြီးပါတယ်။

မှိုတက်နေတဲ့ ငရုတ်သီးမှုန့်၊ မှိုတက်နေတဲ့ မြေပဲတို့ဟာလည်း အဆိပ် အတောက် အဖြစ် ပြောင်းလဲပြီး အသဲ ကင်ဆာ ရောဂါ ဖြစ်ပွား စေနိုင်တယ်လို့ ဆိုပါတယ်။

ငရုတ်သီးမှုန့် အရောင်ရဲရဲ လေးတွေ၊ နနွင်းမှုန့် ဝါဝါလေးတွေ၊ ဆေးဆိုး ထားတဲ့ မျှစ်ဝါတွေ စသည်ဖြင့် ဆိုးဆေး ပါဝင်တဲ့ ပစ္စည်း အားလုံးဟာ အန္တရာယ် အလွန်ကြီး တဲ့ အတွက် ရှောင်ရှား သင့်တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။