BBC navigation

မြန်မာ ပြုပြင်ပြောင်းလဲရေး IMF ချီးကျူး

နောက်ဆုံး ရေးသားချိန် 22 နိုဝင်ဘာလ 2012 - 01:37 GMT

မြန်မာ ပြုပြင်ပြောင်းလဲမှု အိုင်အမ်အက်ဖ် ချီးကျူး

မြန်မာ အစိုးရရဲ့ အရှိန်အဟုန်မြှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ အိုင်အမ်အက်ဖ် က ဗုဒ္ဓဟူးနေ့က ချီးကျူး စကားပြောကြားလိုက်ပါတယ်။

လာမယ့်နှစ်မှာ ထောက်ပံ့ရေး အကူအညီတွေ ရနိုင်ဖို့ အိုင်အမ်အက်ဖ် အနေနဲ့ အခြေခံ လုပ်ငန်းတွေကို မြန်မာနိုင်ငံ အတွက် အောင်အောင်မြင်မြင် လုပ်ဆောင် ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ပေါင်း ငါးဆယ်ကြာ စစ်တပ် အုပ်ချုပ်မှု လက်အောက်မှာ နေခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ အီးယူ တို့ရဲ့ တိုက်တွန်းချက်တွေကြောင့် စီးပွားရေး ဖွင့်ပေးမှုနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေက လူအများကို အံအားသင့်စေခဲ့ပြီး သူ့အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေလည်း ပြန်ဖွင့်ပေးခဲ့ရတာ ဖြစ်ပါတယ်။

အိုင်အမ်အက်ဖ် အပြောအရ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်ပွမှု နှုန်းဟာ အတန်အသင့် လောက်သာရှိပြီး စီးပွားရေးဟာ ၂ဝ၁၂ - ၁၃ ဘဏ္ဍာနှစ်မှာ ခြောက် ဒဿမ နှစ်ငါး ရာခိုင်နှုန်း တိုးနိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမဆုံး အနေနဲ့ အိုင်အမ်အက်ဖ်က မြန်မာ နိုင်ငံနဲ့ ဆိုင်တဲ့ အစီရင်စာ တရပ်ကို ထုတ်ပြန်ခဲ့ပြီး အာဏာပိုင်တွေ အနေနဲ့ ဘဏ္ဍာရေး ဆိုင်ရာမှာ ခေတ်မှီအောင် လုပ်ဆောင်မှုနဲ့ မျှတတဲ့ ကုန်သွယ်ရေး ဖော်ဆောင်ဖို့ အပါအဝင် စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု အားကောင်း လာအောင် ပြုပြင် ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ပါလို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။