BBC navigation

ယိုင်သည်ရွာ တိုက်ခိုက်မှု စစ်ဆေး

နောက်ဆုံး ရေးသားချိန် 25 နိုဝင်ဘာလ 2012 - 02:13 GMT
rakhine

အောက်တိုဘာ လမှာ အဓိကရုဏ်း ပြန်ဖြစ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ယိုင်သည်ရွာ တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး ဖမ်းထားတဲ့ ရခိုင် အမျိုးသား (၆) ဦးကို စစ်တွေပို့ပြီး ရမန်ယူ စစ်ဆေး နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၃ နဲ့ ၂၄ ရက်တွေက ယိုင်သည် မွတ်ဆလင် ရွာ မီးရှို့ တိုက်ခိုက်မှုနဲ့ ယိုင်သည် ရွာက ဦးဇော်မိုးနိုင်၊ ဦးဇော်မိုးထွန်း၊ လေးမြို့သား ရွာက ဦးတင်လှ၊ သံရွှင်ပြင်ရွာက ဦးပြေသိန်းအောင်၊ ဦးဦး မောင်ကျော်လှိုင်နဲ့ ဦးမောင်သိန်းတို့ ကို ဖမ်းထားတာပါ။

အခု ရမန် ယူထားဆဲ ကာလမို့ အမှုစွဲတင် တာတော့ မရှိသေးဘူးလို့ စစ်တွေက ရှေ့နေ တဦးက ပြောပါတယ်။

ပုဒ်မ ၄၃၂ ၊ ပုဒ်မ ၃ဝ၂ (၂) နဲ့ ရမန် ၆ ရက် ယူထားပြီး စစ်တွေ မြို့မ ရဲစခန်းမှာ စစ်ဆေးနေပါတယ်။

သူတို့ကို ရမန် ယူပြီးရင် နောက်လဆန်း လောက်မှာ စတရားစွဲ နိုင်တယ်လို့ သိရပါတယ်။

ယိုင်သည် ရွာ တိုက်ခိုက်မှုနဲ့ လူအများအပြား ဖမ်းဆီး ထားပြီး အဲဒီ အထဲက ၆ ဦးကို စစ်တွေ ခေါ်လာပြီး တရားစွဲဖို့ အာဏာပိုင် တွေက စီစဉ်နေတာ ဖြစ်ပါတယ်။

ယိုင်သည်ရွာ မီးရှို့ တိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ် အောက်တိုဘာ လ တိုက်ခိုက်မှု တွေထဲမှာ အကြီးကျယ်ဆုံး ဖြစ်ပြီး လူ ၅ဝ နီးပါး သေဆုံးတယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။