BBC navigation

ပုဂ္ဂလိက လုပ်ငန်းတွေ နိုင်ငံခြားငွေ လွှဲနိုင်တော့မယ်

နောက်ဆုံး ရေးသားချိန် 24 နိုဝင်ဘာလ 2012 - 16:24 GMT
money-rial-dollar-exchange-banks

မြန်မာ နိုင်ငံမှာ နိုင်ငံခြားငွေ လွယ်လွယ်ကူကူ လဲနိုင်တော့မယ်။

မြန်မာနိုင်ငံမှာဘဏ်လုပ်ငန်း လုပ်ကိုင်တဲ့ကုမ္မဏီ ကိုသာခွင့်ပြုထားတဲ့ နိုင်ငံခြားငွေလှဲလုပ်ငန်းတွေ ကိုမည် သည့် ပုဂ္ဂလိက ကုမ္မဏီကို မဆိုခွင့်ပြု တော့မယ် လို သိရပါတယ်။

ဒီလိုလုပ်ကိုင်ဖို့အတွက်ကုမ္ဓဏီတွေ လုပ်ကိုင်ရ မဲ့စည်းမျဉ်းစည်းကမ်း တွေ ဗဟိုဘဏ်ကမကြာမှီ ထုတ်ပြန် သွားဖို့ ရှိတယ်လို့ ဘဏ္ဏာရေးနှင့်အခွန် ဝန်ကြီးဌာန မှ ပြန်ကြားရေး တာဝန်ခံ ဦးမင်းထွဋ်က မကြာခင်မှာ ခွင့်ပြုချက် တွေ ထွက်တော့မှာ ဖြစ်ကြောင်း၊ ဘဏ္ဍာရေး နဲ့ သက်ဆိုင်တဲ့ လုပ်ငန်း ကုမ္ပဏီ တွေတင် သာမက ရိုးရိုး ကုမ္ပဏီ တွေကိုပါ လုပ်ခွင့်တွေ ပေးသွားမှာ ဖြစ်ကြောင်းနဲ့ အများဆုံး ကြာရင် တလလောက်ပဲ ရှိမယ်လို့ ပြောကြားသွား ပါတယ်။

မှောင်ခို ဈေးကွက် ပျောက်အောင် အခုလို ကြိုးစားပေမယ့် ဘဏ်တွေက ဖွင့်တဲ့ ငွေလှဲကောင်တာ တွေဟာ ဟောင်းနွမ်းငွေ လက်မခံ တာတို့ စနေ တနင်္ဂနွေ ပိတ်တာ တို့ကြောင့် မှောင်ခို ဈေးကွတ်ဟာ ပျောက်ကွယ်ဖို့ မလွယ် ဘူးလို့ ရန်ကုန်မြို့ခံ စီးပွါးရေး လုပ်ငန်းရှင် တစ်ဦးက ထောက်ပြ ပြောဆိုပါတယ်။

၂၀၁၁ ခုနှစ်၊အောက်တိုဘာ လဆန်းက စပြီး ပုဂ္ဂလိက ဘဏ်၆ခုကို နိုင်ငံခြား ငွေလဲ ကောင်တာများ လုပ်ကိုင် ခွင့်ပြုခဲ့ပြီးအခုအခါ တစ်နိုင်ငံလုံးရှိ နိုင်ငံခြားသား ခရီးသည် အဝင်အထွက် များတဲ့မြို တွေမှာ ငွေလဲကောင်တာ (၉၃)ခုနဲ့ လုပ်ကိုင် ဆောင်ရွက်လျက် ရှိတယ် လို့သိရပါတယ်။

ဗဟိုဘဏ်က နေစဉ့် သတ်မှတ်တဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ၀.၀၈ ရာခိုင်နှုန်း ကွာဟခွင့်ကို လုပ်ကိုင်ခွင့်ရှိတဲ့ အတွက် ဗဟိုဘဏ်က သတ်မှတ်တဲ့ ဈေးနဲ့ ဘဏ်တွေရဲ့ ငွေလဲလှယ် နှုန်းဟာ ၇ ကျပ် ၈ ကျပ်လောက် ကွာဟလျှက် ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။