BBC navigation

ဖွံ့ဖြိုးရေးကောလိပ် မန္တလေး ပြန်ရွှေ့မယ်

နောက်ဆုံး ရေးသားချိန် 25 နိုဝင်ဘာလ 2012 - 01:35 GMT
sagaing ethnic

စစ်ကိုင်း ကနေ မန္တလေး ကို ပြန်လမ်းလျှောက် ဆန္ဒပြ နေတဲ့ ကျောင်းသားတွေ

တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းသား တွေ မန္တလေးကျောင်းမှာ ပြန်နေဖို့ ပြည်ထောင်စု ဝန်ကြီး က သဘောတူလိုက်ပြီ လို့ သိရပါတယ်။

စစ်ကိုင်း ရွာသစ်ကြီး ကို ပြောင်းရွှေ့ ခဲ့ရတဲ့ ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းသား ၆ဝဝ က ရွာသစ်ကြီး မှာ မနေချင်လို့ မန္တလေး ကျောင်းကို ချီတက် ဆန္ဒပြလို့ စနေနေ့ နေ့ခင်းက နယ်စပ် ဖွံ့ဖြိုးရေး ဝန်ကြီး ဦးသိန်းဌေးက လာတွေ့ပြီး မန္တလေးကျောင်း ပြန်ပြောင်း နိုင်ကြောင်း ကတိပေးတယ် လို့ ဆန္ဒပြ ကျောင်းသားတွေ က ပြောပါတယ်။

အရင်က ဆန္ဒပြ ကျောင်းသား တွေရဲ့ မိဘ တွေ ကို ကျောင်းသား တွေ ကို ပြန်ခေါ်ဖို့ ဖိအားပေးတာ တွေ ရှိခဲ့ပါတယ်။

အခုတော့ မကြာခင် ကာလ အတွင်း ကျောင်းပြန်ပြောင်း ဖို့ ဖြေရှင်း ပေးမယ် လို့ ၀န်ကြီးက ပြောခဲ့ပြီး ကျောင်းသား တွေ အရင်နေခဲ့တဲ့ မန္တလေး က တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းဆောင် တွေ မှာ နေလို့ ရသွားပါတယ်။

ကျောင်းသားတွေ ဘက်ကလည်း ကျောင်းဆောင် ကနေ ဘယ်မှ မသွားဘဲ ငြိမ်းချမ်းစွာ နေဖို့ ကတိပေး ခဲ့တယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။