BBC navigation

ပရီးမီးယားလိဂ်နဲ့ Sky Net စာချုပ် ချုပ်ဆို

နောက်ဆုံး ရေးသားချိန် 25 နိုဝင်ဘာလ 2012 - 15:48 GMT

Sky Net ဟာ ၂၀၁၃ ခုနှစ်က စပြီး ၃ နှစ် စာချုပ် ချုပ်ဆို လိုက်တာ ဖြစ်

မြန်မာ နိုင်ငံရဲ့ ပုဂ္ဂလိကပိုင် ထိပ်တန်း ရုပ်မြင် သံကြား ဌာန တခု ဖြစ်တဲ့ Sky Net ရုပ်မြင် သံကြား ဌာနက အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံး ပွဲစဉ်တွေ တိုက်ရိုက် ပြသခွင့် ကန်ထရိုက် စာချုပ်ကို ပရီးမီးယားလိဂ်နဲ့ ချုပ်ဆို လိုက်နိုင်ခဲ့ ပြီလို့ စနေနေ့က ထုတ်ဖေါ် ကြေညာလိုက် ပါတယ်။

အရင်တုန်းက ဆိုရင် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် မြန်မာ နိုင်ငံဟာ တခြား နိုင်ငံတွေနဲ့ တွဲဖက်ပြီး ဝယ်ယူ ရတာ ဖြစ်ပြီး၊ အခုတော့ ပရီးမီးယားလိဂ် ကနေ မြန်မာ နိုင်ငံကို သီးသန့် နယ်မြေ တခု အနေနဲ့ ပွဲစဉ်တွေကို ရောင်းချ ပေးတာ ဖြစ်ကြောင်း Sky Net ရုပ်မြင် သံကြားဌာန ရဲ့ အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လို့ ငွေပမာဏ ဘယ်လောက်နဲ့ စာချုပ် ချုပ်ဆို ခဲ့သလဲ ဆိုတာကို တော့ သူက ထုတ်ဖေါ် ပြောဆို ခြင်းမရှိပါ။

မြန်မာနိုင်ငံ အတွက် ကန်ထရိုက်ကို လေလံ တင်ခဲ့တာ ဖြစ်ပြီး Sky Net က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဆိုရင် Sky Net ဟာ ၂၀၁၃ ခုနှစ်က စပြီး ၃ နှစ် စာချုပ် ချုပ်ဆို လိုက်တာ ဖြစ်ပါတယ်။

အခုလို မြန်မာကို သီးခြား နယ်မြေ တခု အနေနဲ့ ရောင်းလိုက်တာ ဖြစ်တဲ့ အတွက် ပရီးမီယားလိဂ် ပွဲတွေ အားလုံးကို Sky Net ကနေ ထုတ်လွှင့် ပြသလို့ ရပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲစဉ်တွေကို ရုပ်သံကနေ ကြည့်မယ့် ပရိသတ်တွေ အနေနဲ့ ဘယ်လောက် ပေးရမယ် ဆိုတာ ကတော့ ပြောလို့ မရသေးဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။