BBC navigation

မိုဘိုင်းအင်တာနက်သုံးခ ကောက်ခံပုံပြောင်း

နောက်ဆုံး ရေးသားချိန် 28 နိုဝင်ဘာလ 2012 - 01:59 GMT
mobile phone

အင်တာနက် အသုံးပေါ် မူတည် ကောက်မယ်

မြန်မာ့ ဆက်သွယ်ရေးက မိုဘိုင်း အင်တာနက် အသုံးပြုမှု ကျသင့်ငွေကို အရင်က နှစ်မိနစ် ၄ ကျပ်နှုန်းနဲ့ ကောက်ရာက ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး သုံးတဲ့ အင်တာနက် အရွယ်အစား ကီလိုဘိုက် မီဂါဘိုက်ပေါ် မူတည် ကောက်ခံတော့မှာ ဖြစ်ပါတယ်။

အင်တာနက်က ဒေါင်းလုပ် လုပ်တဲ့ အရွယ်ပေါ် မူတည်ပြီး ကောက်ဖို့နဲ့ ဒိထက်ကြီးတဲ့ အရွယ်အစားကို လပေးစနစ်နဲ့ ကောက်ဖို့ ပြင်ထားတယ်လို့ မြန်မာ့ဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းပြပါတယ်။

သုံးစွဲမှု တိုင်းတဲ့နည်းနဲ့ ကောက်မယ်ဆိုရင် ဘယ်လောက် သုံးဖြစ်လဲ သုံးစွဲသူတွေ မသိနိုင်လို့ ငွေပေးတဲ့အခါ ပြဿနာ တက်နိုင်တယ်၊ သုံးစွဲသူတွေကို မိနစ်နဲ့ ဖြစ်ဖြစ် အရွယ်အစား လိုက် ဖြစ်ဖြစ် ရွေးချယ်သုံးခွင့် ပြုသင့်တယ်လို့ မန္တလေး အယ်လ်ဖာ ကုမ္ပဏီက ဦးရဲမြတ်သူက ထောက်ပြပါတယ်။

မြန်မာနိုင်ငံက အင်တာနက် ဝန်ဆောင်မှုကို အများကို လုပ်ခွင့်ပေးမယ် ဆိုရင် ပြိုင်ဆိုင်မှု ဖြစ်ပြီး သုံးစွဲသူတွေ အတွက် အဆင်ပြေမယ်လို့ ဦးရဲမြတ်သူက ထောက်ပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။