BBC navigation

စစ်တွေကိုပြေးလာတဲ့ မွတ်ဆလင်တွေ နေရပ် ပြန်ပို့မယ်

နောက်ဆုံး ရေးသားချိန် 27 နိုဝင်ဘာလ 2012 - 16:04 GMT
People in Muslim camp outside Sittwe

စစ်တွေမြို့နယ် အတွင်း မွတ်ဆလင် ဒုက္ခသည် စခန်းမှာ နေကြ သူများ

ရခိုင် ပြည်နယ်မှာ အောက်တိုဘာလက ပေါ်ပေါက် ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူတွေ အတွင်း စစ်တွေကို ထွက်ပြေး လာကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို အစိုးရက သူတို့ နေထိုင်ခဲ့တဲ့ မြို့နယ်တွေကို ပြန်ပို့ စီစဉ်နေ ပါတယ်။

အကြမ်းဖက်မူတွေ ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေက မူဆလင် ဒုက္ခသည် တွေဟာ စက်လှေတွေနဲ့ ထွက်ပြေးလာကြပြီး လောလောဆယ် စစ်တွေ သဲချောင်း နားက မန်ဇီ ဒုက္ခသည် စခန်းတွေမှာ နေထိုင် နေကြ ပါတယ်။

ပဋိ ပက္ခ တွေကြောင့် ကျောက်ဖြူ၊ ပေါက်တောနဲ့ မြေပုံ မြို့နယ် တို့က ထွက်ပြေး လာသူ မွတ်ဆလင်တွေ အားလုံးက စစ်တွေကိုပဲ လာကြတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်တွေ မြို့နယ် အတွင်းက ရွာတွေမှာ နေရာ ပြွတ်သိပ် နေကြရပြီး၊ ဒုက္ခသည်တွေ အတွက် ဆန်နဲ့ တခြား အကူအညီတွေကိုလည်း မြို့နယ် အလိုက် မြို့နယ် အုပ်ချုပ်ရေးမှူး တွေကို ခွဲခြမ်း ပေးထားတာကြောင့် ဒုက္ခသည် အများကြီး လာရောက် နေထိုင်ကြတဲ့ စစ်တွေ မြို့နယ် အတွင်းမှာ လုပ်ငန်း လုပ်ဆောင် ရတာ မနိုင်မနင် ဖြစ်လာ လို့ သူတို့ကို ယခင် နေရပ်ဆီ ပြန်လည် ပို့ဆောင်ဖို့ စီစဉ် ရတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် လျှပ်စစ်နှင့် စက်မှု လက်မှု ဝန်ကြီး ဦးသာလူချေက ဘီဘီစီကို ပြော ပါတယ်။

ပေါက်တော ဘက်လာတဲ့ ဒုက္ခသည် တွေဟာ စစ်တွေ တက္ကသိုလ် အနီးတဝိုက် မှာလည်း ကိုယ့်သဘောနဲ့ ကိုယ် နေအိမ်တွေ ဆောက်ပြီး နေထိုင် လာကြတဲ့ အတွက် မလိုလား အပ်တဲ့ ပြဿနာ တွေလည်း ပေါ်ပေါက် လာနိုင်တယ် လို့ သူက ပြောပါတယ်။

ဒုက္ခသည် တွေကို နိုင်ငံတကာ အဖွဲ့ အစည်း တွေနဲ့ ပြည်တွင်း ပြည်ပ အန်ဂျီအို တွေက ကူညီနေပြီး ၂၀၁၃ ခုနှစ် ဇွန်လ အထိ အမေရိကန် ဒေါ်လာ ၆၈ သန်း လိုအပ်မှာ ဖြစ် ပါတယ်။

အဲဒီ ထဲက တချို့က ထောက်ပံ့ ငွေတွေ ရရှိ ထားပေးမဲ့ နောက်ထပ် ဒေါ်လာ သန်းပေါင်း ၄၁ သန်း လိုအပ် နေသေး တယ်လို့ သိရပါတယ်။

လူသားချင်း စာနာမှု အကူ အညီ ပေးရေး ဆိုင်ရာ ကုလ သမဂ္ဂ ညှိနှိုင်းရေး ရုံးက အမေရိကန် ဒေါ်လာ ၅ ဒဿမ ၃ သန်း ထပ်မံ ကူညီမယ်လို့ နိုဝင်ဘာလ ၂၇ ရက်နေ့ကပဲ ကြေညာလိုက် ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။