BBC navigation

အမျိုးသမီး စစ်မှုထမ်းတွေ ခန့်မယ်

နောက်ဆုံး ရေးသားချိန် 27 နိုဝင်ဘာလ 2012 - 16:44 GMT
Burma Army

သူနာပြု သိပ္ပံ ဘွဲ့ရ တွေကို စစ် သူနာပြုတွေ အဖြစ် ခန့်ထား ဖို့ စီစဉ်နေ

အမျိုးသမီး စစ်မှုထမ်း တွေကို လိုအပ်တဲ့အချိန်မှာ ခန့်အပ် သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ စစ်ရေးချုပ်က ထုတ်ဖေါ် ပြောခဲ့ ပါတယ်။

စစ်ရေး၊ တိုက်ခိုက်ရေးနဲ့ မသက်ဆိုင်တဲ့ သူနာပြု၊ ငွေစာရင်း၊ ရုံးလုပ်ငန်းနဲ့ ကျန်းမာရေး လုပ်ငန်း တွေမှာ အမျိုးသမီး စစ်မှုထမ်းတွေ ခန့်ထားမယ့် အစီ အစဉ်တွေ ပြုလုပ် နေပြီ ဖြစ်ပြီး အခု ချိန်ထိတော့ အမျိုးသမီး ဆရာဝန်၂ဝ နဲ့ သူနာပြု အမျိုးသမီး ၇ ယောက်ကို ခန့်ထားပြီး ဖြစ်တယ်လို့ ဒုတိယ စစ်ရေးချုပ်က ပြောကြောင်း ဧရာဝတီ တိုင်းက အမျိုးသား လွှတ်တော် အမတ် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အမျိုးသား လွှတ်တော်က ဖွဲ့စည်း ထားတဲ့ အစိုးရရဲ့ အာမခံ ချက်များ၊ ကတိ များနှင့် တာဝန် ခံချက်များ စိစစ်ရေး ကော်မီတီ ဥက္ကဌ ဦးအောင်ထွန်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဝန်ကြီး ဌာနတွေ မကြာခင်က တွေ့ဆုံ ခဲ့ရာမှာ ဒုတိယ စစ်ရေးချုပ်က ပြောခဲ့တာ ဖြစ်တယ်လို့ အဲဒီ ဆွေးနွေးပွဲမှာ ပါဝင် ခဲ့တဲ့ အဲဒီ အမတ်က ပြောပါတယ်။

ဒါ့အပြင် တပ်ကြပ်ကြီး အဆင့် အမျိုးသမီး သားဖွား ဆရာမ တစ်ရာ ကျော်ကို သင်တန်း ပေးနေပြီ လို့လည်း ဆိုပါတယ်။

တပ်မတော် ဆေး တက္ကသိုလ်မှာ တာဝန် ထမ်းဆောင်ဖို့ သွားဘက် ဆိုင်ရာ ဘွဲ့ရ ဆရာဝန်တွေ ကိုလည်း လျှောက်လွှာတွေ ခေါ်ယူ ထားပြီးပြီလို့ သိရ ပါတယ်။

အရင်တုန်းက စစ်သူနာ ပြု သင်တန်းတွေ ပေးပြီး စစ်တပ် အတွင်းမှာ အမျိုးသမီး သူနာပြုတွေ တာဝန် ထမ်းဆောင် စေခဲ့တာ ရှိပေမဲ့ အခုလို သူနာပြု သိပ္ပံ ဘွဲ့ရ သူတွေကို တပ်မတော်မှာ စစ်သူနာပြုတွေ အဖြစ် တာဝန် ထမ်းဆောင်ဖို့ ခေါ်ယူတာ ကတော့ အခု အကြိမ်က ပထမဆုံး ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။