BBC navigation

လက်ပံတောင်းတောင် သပိတ်ကို ဖြိုခွဲ

နောက်ဆုံး ရေးသားချိန် 28 နိုဝင်ဘာလ 2012 - 21:57 GMT

ကုမ္ပဏီနဲ့ ဒေသခံ ပြည်သူတွေ အကြား အဆင်ပြေ အောင် ညှိနှိုင်း ပေးမယ်လို့ ဒေါ်စုပြော

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်း ရေး သပိတ်မှောက် နေကြတဲ့ စခန်း တွေကို ကြာသပတေးနေ့ မနက် ၃ နာရီခွဲ လောက် အချိန်မှာ ရဲတပ်ဖွဲ့ ကနေ အင်အားသုံး ဝင်ရောက် ဖြိုခွဲခဲ့ ပါတယ်။

ရဲတွေ ကနေ သပိတ်စခန်း ၆ ခုကို မျက်ရည်ယိုဗုံးတွေ၊ မီးလောင်စေတဲ့ လက်နက်တွေနဲ့ မီးသတ်ပိုက်တွေ သုံးပြီး ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။

သပိတ်မှောက် သံဃာတွေနဲ့ ပြည်သူ ၁၀ ဂဏန်း အတော်များများ လောက် ဒဏ်ရာ ရရှိ သွားကြပြီး အဲဒီ အထဲက သံဃာ တချို့ဟာ မီးလောင် ဒဏ်ရာ ရရှိ သွားကြပါတယ်။ သပိတ်မှောက် သံဃာ ၇ ပါးလည်း ဖမ်းဆီးခံခဲ့ ရပါတယ်။

နေ့လည်ပိုင်း မှာတော့ မြန်မာအစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့ကနေ အခုလို ဖြိုခွဲခဲ့တာ နဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ ပြီးနောက်၊ သိပ်မကြာခင်မှာဘဲ အဲဒီကြေညာချက်ကို ပြန်ရုပ်သိမ်း လိုက်ပါတယ်။

ဒီကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်းဆန်းစုကြည်ဟာ အဲဒီ လက်ပံတောင်း ဒေသကို ကြာသပတေးနေ့ နေ့လည်မှာ ရောက်ရှိသွားပြီး စီမံကိန်းကို အဓိက အကောင် အထည်ဖေါ် လုပ်ဆောင် နေတဲ့ တရုတ်နိုင်ငံက ဝမ်ပေါင် ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ကုမ္ပဏီ အဆောက်အဦးထဲမှာ ၁ နာရီခွဲ ခန့် ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် ဒေသခံ လူထုကို စကားပြောကြားရာမှာ ကုမ္ပဏီနဲ့ ဒေသခံ ပြည်သူတွေ အကြား အဆင်ပြေအောင် ညှိနှိုင်း ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။