BBC navigation

လက်ပံတောင်းကိစ္စ တရုတ်သံရုံး ကြေညာချက်ထုတ်

နောက်ဆုံး ရေးသားချိန် 30 နိုဝင်ဘာလ 2012 - 16:50 GMT

အသေအချာ ပြောင်းရွှေ့ လျော်ကြေးပေး တာနဲ့ ပတ်ဝန်းကျင် ကာကွယ်မှုတွေ လုပ်ခဲ့ကြောင်း တရုတ်သံရုံးပြော

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းဟာ တရုတ် မြန်မာ နှစ်နိုင်ငံ စီးပွားရေး အသိုင်း အဝိုင်းတွေ ကနေ ပူးတွဲ လုပ်တဲ့ လုပ်ငန်း ဖြစ်ပြီး နှစ်ဘက် စလုံး အတွက် အကျိုး စီးပွား ရှိမယ့် စီမံချက် ဖြစ်ကြောင်း ရန်ကုန်မှာ ရှိတဲ့ တရုတ် သံရုံးက ကနေ ထုတ်ပြန် ကြေညာလိုက် ပါတယ်။

တရုတ် သံရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဂေါင်မင်ဘိုက စီမံကိန်းကြောင့် ထိခိုက်မယ့် လူတွေကို အသေ အချာ နေရာ ပြောင်းရွှေ့ ပေးတာ ၊ လျော်ကြေးငွေ ပေးတာနဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ် မှုတွေ လုပ်ခဲ့ကြောင်း ဘီဘီစီ မြန်မာပိုင်း ဌာန ကို ပြောပါတယ်။

ဒါပေမယ့်လည်း ဒေသခံတွေ ကတော့ သူတို့ လယ်ယာမြေ အတွက် လျော်ကြေး မရကြ ဘူးလို့ ပြောဆိုမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီလို ပြောဆိုမှုတွေ အပေါ်ကိုတော့ မစ္စတာ ဂေါင်မင်ဘိုက အခုလို လျော်ကြေး ပေးတဲ့ ကိစ္စတွေက ရှုပ်ထွေး တတ်တဲ့ သဘာဝ ရှိကြောင်းနဲ့၊ ဒါပေမယ့် သူ့ အထင် အရတော့ လက်ရှိ ဥပဒေတွေ စည်းမျဉ်းတွေ နဲ့ အညီ လျော်ကြေး ပေးခဲ့တယ်လို့ နားလည် ထားကြောင်း ပြောပါတယ်။

နေရာသစ်ကို ပြောင်းရွှေ့ ခဲ့ရတဲ့ ရွာသားတွေ အနေနဲ့ အိမ်တွေ ဆောက်ပေးတယ် ဆိုပေမယ့်လည်း နေရာသစ်မှာ စိုက်ပျိုး စရာ မြေမရှိတဲ့ အတွက် သူတို့ စားဝတ် နေရေး အတွက် စိုးရိမ် ရတယ်လို့ ဒေသခံတွေက ပြောတဲ့ သတင်းတွေလည်း အရင်က ထွက်ပေါ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။