BBC navigation

လက်ပံတောင်း သပိတ်ဖြိုခွင်းမှု ရဲတပ်ဖွဲ့ တောင်းပန်

နောက်ဆုံး ရေးသားချိန် 1 ဒီဇင်ဘာလ 2012 - 17:38 GMT

သံဃာတွေကို အကာအကွယ် ယူတဲ့လူတွေ ထွက်ပြေးသွားလို့ အခုလို သံဃာတော်တွေ ထိခိုက်ခဲ့တာ ဖြစ်

လက်ပံတောင်း တောင် သပိတ်မှောက် သံဃာတွေကို အင်အားသုံး ဖြိုခွင်းခဲ့မှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ကနေ မုံရွာမှာ သံဃာတွေကို ပင့်ဖိတ်ပြီး တောင်းပန်ခဲ့ ပါတယ်။

မုံရွာမြို့ ရွှေစည်းခုံ စေတီဝန်းမှာ ရှိတဲ့ သာသနာ့ ဗိမန်တော်မှာ စနေနေ့ နေ့လည်ပိုင်းက စစ်ကိုင်းတိုင်း ရဲတပ်မှူး ဗိုလ်မှူးကြီး စန်းယု အပါအဝင် ရဲအင်အား ၁၂၀ ခန့် ကနေ စာသင်တိုက် ဆရာတော် အပါး ၂၀ ကို ပင့်ဖိတ်ပြီး တောင်ပန်းဖို့ စီစဉ် ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆရာတော် ၁၀ ပါးသာ ကြွရောက်ခဲ့တဲ့ ဒီတောင်းပန်ပွဲမှာ စစ်ကိုင်းတိုင်း ရဲတပ်မှူးက သူတို့ အနေနဲ့ မျက်ရည်ယိုဗုံးသာ အသုံးပြု ခဲ့တာ ဖြစ်ပြီး၊ အခုလို သံဃာတော်တွေ မီးလောင် ဒဏ်ရာ ရရှိမှုဟာ မတော်တဆသာ ဖြစ်ခဲ့ရ တာ ဖြစ်တဲ့ အကြောင်း လျှောက်ထားခဲ့ ပါတယ်။

ဒီပွဲကို မကြွရောက် လာတဲ့ သံဃာတွေထဲမှာ မဟာဇောတိက ရာမ ကျောင်းက ဆရာတော်လည်း ပါဝင်ပါတယ်။ အဲဒီကျောင်းက သံဃာ ၅၆ ပါး လက်ပံတောင်း သပိတ်မှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဘုန်းကြီးကျောင်း ကတော့ အခုလို တောင်းပန်ရုံနဲ့ မလုံလောက်ဘူးလို့ ဆိုပါတယ်။

ဒီတောင်းပန်ပွဲဟာ ၁၅မိနစ်လောက်ပဲ ကြာမြင့်ခဲ့ပြီး မအောင်မမြင်နဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။