BBC navigation

လက်ပံတောင်းမှာ ဆက်ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 2 ဒီဇင်ဘာလ 2012 - 17:33 GMT
monywa

စီမံကိန်း လုံးဝ ဖျက်သိမ်းရေး လိုလား

လက်ပံတောင်း တောင် စီမံကိန်း သပိတ်မှာ ဖမ်းဆီး ထားသူ တွေ ပြန်လွှတ်ဖို့ လက်ပံတောင်းတောင် အရှေ့ဘက်က တုံရွာမှာ တနင်္ဂနွေ နေ့က ဆန္ဒပြ ခဲ့ကြ ပါတယ်။

ဒေသခံ တွေဘက်က စီမံကိန်း လုံးဝ ဖျက်သိမ်းရေးကို လိုလားနေပြီး ကော်မရှင် ဖွဲ့ စစ်ရင် မတရားမှုတွေကို ဖော်ထုတ် နိုင်မယ် မျှော်လင့်ကြောင်း သပိတ် ဦးဆောင်သူ တဦး ဖြစ်တဲ့ ဝက်မှေး ရွာက မသွဲ့သွဲ့ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒီမို ကရေစီ လမ်းကြောင်း သွားမယ့် နိုင်ငံ အနေနဲ့ ဒါမျိုး မဖြစ်သင့်ဘူး လို့လဲ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ တွေ သပိတ် စခန်းတွေကို ဝင်ကြည့်ဖို့ ကြိုးစား ပေမယ့် ခွင့်မပြု ခဲ့ဘူး လို့လဲ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။