BBC navigation

လက်ပံတောင်းတောင် ဖြိုခွဲမှု DKBA ရှုံ့ချ

နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2012 - 02:03 GMT
copper

မီးလောင်ပျက်ဆီးခဲ့ရတဲ့ လက်ပံတောင်းက ဆန္ဒပြသူတွေရဲ့ သပိတ်စခန်း

လက်ပံတောင်းတောင်၊ ကြေးနီ စီမံကိန်းကို ဆန္ဒပြ နေတဲ့သူ တွေကို အစိုးရဘက်က အကြမ်းဖက် နှိမ်နင်းတာကို အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့၊ ဒီကေဘီအေ အဖွဲ့က ရှုံ့ချ လိုက်ပါတယ်။

ဒီကေဘီအေ ကလို့ထူးဘော ဗျူဟာမှူး ဒုဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြား ရာမှာ ဒီမိုကရေစီ ဖေါ်ဆောင် နေတဲ့ ကာလမှာ လက်နက်မဲ့ ဆန္ဒပြ နေတဲ့ လူထုတွေကို ဒီလို မီးလောင်ဗုံးနဲ့ ပစ်ခတ် တာဟာ အင်မတန်မှ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ် ဖြစ်ကြောင်းနဲ့ ဒီလို ရဟန်းသံဃာနဲ့ ပြည်သူလူထု တွေကို မီးလောင်ဗုံး ပစ်ဖို့ အမိန့်ပေးတဲ့ အရာရှိ တွေကို သမ္မတ ဉီးသိန်းစိန်က အရေးယူ ပေးပါလို့ တောင်းဆို သွားပါတယ်။

အခု ဖြစ်တဲ့ ကိစ္စဟာ အစိုးရက လက်ရှိ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ထိခိုက် သွားနိုင်တယ် လို့လည်း ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောဆန်းအောင်က ထောက်ပြ သွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။