BBC navigation

ဆူပူအောင် လှုံ့ဆော်တယ် ဆိုတဲ့ စွပ်စွဲမှု မျိုးဆက်သစ် လူငယ်များ အစည်း အရုံး ပယ်ချ

နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2012 - 15:57 GMT
Letpadaung Protest

တနင်္ဂနွေ နေ့က ကိုမိုးသွေးနဲ့ ကိုအောင်စိုးတို့ ဖမ်းဆီးခံခဲ့ရ

လက်ပံတောင်း တောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဆန္ဒပြ သပိတ် မှောက်သူ တွေကို အာဏာပိုင် တွေက အင်အားသုံး ဖြိုခွင်း ခဲ့တဲ့ အပေါ် မကျေနပ်တဲ့ ဆန္ဒပြမှုတွေ အတွင်း ဖမ်းဆီး ခံရသူတွေကို တနင်္လာနေ့က တရားရုံး တွေမှာ ရုံးထုတ်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၂ ရက် တနင်္ဂနွေ နေ့က ဖမ်းဆီး ခံခဲ့ကြရတဲ့ မျိုးဆက်သစ် လူငယ်များ အစည်း အရုံး Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့ ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုး တို့လည်း ရုံးထုတ် ခံရ သူတွေထဲ ပါဝင် ပါတယ်။ ကြားနာ စစ်ဆေးမှုကို ဒီဇင်ဘာလ ၁၁ ရက်နေ့ကို ရွှေ့ဆိုင်း လိုက်ပါတယ်။

ကိုမိုးသွေးကို ခွင့်ပြုချက် မရယူဘဲ ဆန္ဒပြတဲ့ အတွက် ပုဒ်မ ၁၈၊ နိုင်ငံတော်ကို အကြည်ညို ပျက်အောင် သွေးထိုး လှုံဆော်မှု ပုဒ်မ ၅၀၅ ခ စတာတွေနဲ့ စွဲချက် တင်ခဲ့တာ ဖြစ်တယ်လို့ Generation Wave အဖွဲ့ဝင် တစ်ယောက် လည်းဖြစ် ကိုမိုးသွေးရဲ့ ညီ လည်း ဖြစ်တဲ့ ကိုကြည်ဇင်သာက ပြောပါတယ်။

လက်ပံတောင်းတောင် အရေး ဆန္ဒပြမှုမှာ ဦးဆောင်သူတွေလို့ ယူဆတဲ့ အတွက် ကိုမိုးသွေးနဲ့ ကိုအောင်စိုးတို့ကို အာဏာပိုင်တွေက ဖမ်းဆီး သွားတာ ဖြစ်နိုင်တယ်လို့ သူက ယူဆပါတယ်။

မျိုးဆက်သစ် လူငယ်များ အစည်း အရုံးက ဒီလို ဆန္ဒပြမှုတွေ ဖြစ်လာအောင် လှုံဆော် ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်ပြီး ဘီဘီစီက မေးရာ မှာတော့ လှုံဆောင်မှု လုပ်ဆောင်ခဲ့တာ မရှိဘူးလို့ ကိုကြည်ဇင်သာက ငြင်းဆို ပါတယ်။

ဒီဆန္ဒ ပြမှု တွေကို ဘယ်သူ ကမှ ဦးဆောင် စည်းရုံး ခဲ့တာ မဟုတ်ဘဲ အေးအေး ချမ်းချမ်း ဆန္ဒပြ နေကြတဲ့ သံဃာတော် တွေကို အာဏာပိုင်တွေ ဘက်က အင်အားသုံးပြီး အကြမ်း နည်းနဲ့ ဖြိုခွဲ ခဲ့တာကို ကန့်ကွက် ကြတဲ့ ပြည်သူ တွေက ဝိုင်းဝန်း ပူးပေါင်း ဆန္ဒ ထုတ်ဖော် ခဲ့ကြ တာသာ ဖြစ်တယ်လို့ ကိုကြည်ဇင်သာက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။