BBC navigation

မင်းပြား လုံခြုံရေး အခြေအနေ တင်းကျပ်

နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2012 - 17:08 GMT
rakhine

မင်းပြား လုံခြုံရေး တင်းကျပ်ထား

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ရခိုင် ရွာသား တဦးကို ဆူပူလိုသူ တစုက ဓါးနဲ့ ဝိုင်းခုတ်လို့ မတည်ငြိမ်မှုတွေ ထပ်မံ ဖြစ်ပွားလာနိုင်တဲ့ အတွက် အာဏာပိုင်တွေက လုံခြုံရေးကို တနင်္ဂနွေ နေ့က စပြီး တင်းကျပ် လိုက်တယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ် သေကန် ကျေးရွာက ဦးမောင်သိန်းနု နရမ်းရွာ ကနေ သူ့ရွာကို ပြန်လာစဉ် စမ်းပလေ ရွာနားမှာ မွတ်ဆလင် အုပ်စု တစုက ဓါးနဲ့ ခုတ်လို့ ဒဏ်ရာ ပြင်းထန်တာကြောင့် မင်းပြား ဆေးရုံ တင်ခဲ့ရပါတယ်။

လုံခြုံရေးတွေ ချလိုက်ပြီးတဲ့ နောက်ပိုင်း တိုက်ခိုက်ရာမှာ ပါဝင်သူတွေလို့ ယူဆရတဲ့ မွတ်ဆလင် ရွာသား (၅) ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မင်းပြားရဲစခန်းက အရာရှိ တဦးကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါ လိုအပ်တာတွေ ဆက်လက် ဆောင်ရွက်နေတုန်း ဖြစ်တယ်လို့ ပြောဆိုပြီး ဖုန်းချသွားခဲ့ပါတယ်။

အာဏာပိုင်တွေ ဘက်ကတော့ ခုတကြိမ်မှာ ဖြစ်တာနဲ့ ချက်ချင်း လုံခြုံရေးတွေ တိုးချပြီး အချိန်မီ ထိန်းသိမ်းခဲ့ နိုင်ခဲ့လို့ မင်းပြား အခြေအနေ တည်ငြိမ် နေတယ်လို့ ဆိုပါတယ် ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။