BBC navigation

ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး လိုက်လံဖမ်းဆီး

နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2012 - 16:03 GMT

တနင်္လာနေ့က ရခိုင်အမျိုးသား နှစ်ဦး အဖမ်းခံ ခဲ့ရပါတယ်

ရခိုင်ပြည်နယ် အတွင်း အောက်တိုဘာလ ဆူပူမှုမှာ ပါဝင် ပတ်သက် သူတွေလို့ သံသယ ရှိသူတွေကို လုံခြုံရေး တပ်ဖွဲ့၀င်တွေက ပြည်နယ် အနှံ့ အပြား လိုက်လံ ရှာဖွေ ဖမ်းဆီး နေပါတယ်။

တနင်္လာနေ့ ကတော့ မင်းပြား မြို့နယ် ပန်းမြောင်း ကျေးရွာက ဆံသ ဆရာ ကိုမြင့်နိုင်နဲ့ ကျောင်းတောင် ရွာက ကိုမောင်ဌေးစိန် တို့ကို ဖမ်းဆီး သွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကျောက်တော် မြို့နယ် အတွင်းမှာလည်း ကျေးရွာ အတော် များများမှာ သံသယ ရှိသူတွေကို ဖမ်းဆီးဖို့ လိုက်လံ ရှာဖွေနေ တယ်လို့ သိရပါတယ်။

ကျောက်တော် မြို့နယ်က အပေါက်ဝမှာ ဆိုရင် လူ ၁၀ ဦးကို ဖမ်းဆီးမယ် ဆိုတဲ့ အတွက် ရွာသားတွေ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ဒေသခံ ရွာသား တစ်ဦး ပြောပါတယ်။

အခု ဖမ်းဆီးခံနေရ သူတွေ ကတော့ ရခိုင် အမျိုးသားတွေ ဖြစ်ပြီး မွတ်ဆလင်တွေကို ဖမ်းဆီး အရေးယူမူတွေ မရှိသေးဘူးလို့ သိရ ပါတယ်။

ခုလို ဖမ်းဆီးနေပေမယ့် ဘယ်ပုဒ်မနဲ့ သူတို့ကို တရားစွဲဆိုမယ် ဆိုတာ အခုအချိန် အထိ တိတိကျကျ မသိရှိရသေးဘဲ၊ ရွာတိုင်း လိုလိုမှာ ရွာသား အများစုဟာ ထွက်ပြေး တိမ်းရှောင် နေကြ တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။