BBC navigation

ရခိုင်တိုင်းရင်းသားများပါတီ သုံးသပ်ချက်

နောက်ဆုံး ရေးသားချိန် 5 ဒီဇင်ဘာလ 2012 - 01:33 GMT
bbc_letpadaung_304x171

ဆေးရုံရောက် သံဃာတော်များ

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ အဖွဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရှိရာ စစ်ကိုင်းတိုင်း မုံရွာကို ရောက်လာပြီး မျက်ရည်ယိုဗုံး ဒဏ်သင့် ရဟန်းတော် တွေကို ကူညီ ထောက်ပံ့ရင်း ကြေးနီ စီမံကိန်း အပေါ် ပြန်သုံးသပ်သင့်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အခုခေတ် ကာလဟာ ပွင့်လင်း မြင်သာမှု ရှိတဲ့ အတွက် လူထုရဲ့ လက်ခံမှု၊ စီမံကိန်းတွေမှာ လူထု ပူးပေါင်း ပါဝင်မှု နဲ့ လူထုရဲ့ ဆန္ဒကို အလေးအနက် ထားရမယ့် အကြောင်းတွေပါ ဒေါက်တာအေးမောင် က ပြောပါတယ်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အနေနဲ့ ကြေညာချက် ထုတ်ရာ မှာလည်း ပြစ်မှု ကျူးလွန်သူ တွေကို ဥပဒေနဲ့ အညီ အရေးယူ ဖို့၊ ဒေသခံတွေရဲ့ နစ်နာမှု နဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမှု တွေကိုပါ ပြန်သုံးသပ်ဖို့၊ ထိခိုက်ဒဏ်ရာ ရသူတွေကို ဆေးဝါးကုသမှု အပြည့်အဝ တာဝန်ယူပေးဖို့တွေ ပါပါတယ်။

ဒေသခံ ပြည်သူတွေက ဒီစီမံကိန်း လုံးဝရပ်တန့်ရေး တောင်းဆိုနေတဲ့ အတွက် စီမံကိန်း တရပ်ဟာ နိုင်ငံတော် အတွက်၊ လူထု အတွက် ဘယ်လောက် အကျိုးရှိတယ် ဆိုတာကို သဘောပေါက်မှ ဆက်လုပ်သင့် ကြောင်း၊ ဒီစီမံကိန်းဟာ လူတစု အတွက်ပဲ အကျိုးရှိ ပြီး အများအတွက်၊ သဘာဝ ပတ်ဝန်းကျင် အတွက် အကျိုးမရှိရင် အစိုးရ အနေနဲ့ သုံးသပ်ဖို့ လိုပုံတွေ ဒေါက်တာအေးမောင် က ပြောပါတယ်။

အခုတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီးပြီမို့ ကော်မရှင် ရဲ့ လုပ်ငန်းဆောင်ရွက်မှု ကို လေ့လာနိုင်မှာ ဖြစ်ကြောင်းလည်း ဒေါက်တာအေးမောင် က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။