BBC navigation

ဖမ်းခံထားရသူတွေကို လွှတ်ဖို့ လက်ပံတောင်းမှာ ဆန္ဒ ပြန်ပြ

နောက်ဆုံး ရေးသားချိန် 5 ဒီဇင်ဘာလ 2012 - 16:12 GMT
Letpadaung Protesters

လက်ပံတောင်း အရေး ဆန္ဒပြခဲ့လို့ ဖမ်းဆီး ခံရသူတွေ ရုံးတင် ခံရ

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ တောင်းဆို ခဲ့ကြလို့ ဖမ်းဆီး ခံထားရသူ တွေကို ပြန်လွှတ် ပေးဖို့ အပါအဝင် တောင်းဆို ဆန္ဒပြမှုတွေကို ကြေးနီ စီမံကိန်း ဝန်းကျင်က ရွာသားတွေ ပြုလုပ်ခဲ့ကြ ပါတယ်။

ဗုဒ္ဓဟူးနေ့ ညနေပိုင်းက လက်ပံတောင်း ဒေသမှာ ရှိတဲ့ တုံရွာနဲ့ ဆည်တည်းရွာက ဒေသခံ ၃၀၀ လောက်ဟာ သူတို့ ရွာထိပ် ညောင်ပင်ကြီးနဲ့ ဆားလင်းကြီး ကားလမ်း တလျှောက် ကြွေးကြော် သံတွေ ဟစ်အော်ပြီး လမ်းလျှောက် ချီတက် ခဲ့ကြ တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုသားကြီးက ပြောပါတယ်။

သူတို့ တောင်းဆိုတဲ့ အချက် သုံးချက်ကတော့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို လုံးဝ ဖျက်သိမ်းဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူတွေကို ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးပြီး နောက်ထပ် ဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့နဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်အနေနဲ့ ပြည်သူတွေရဲ့ အကျိုးကို ရည်ရွယ်ပြီး စစ်မှန်တဲ့ ရလဒ်ပေါ်ထွက်အောင် လုပ်ဆောင်ဖို့ စတာတွေ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် သူကဆက်ပြီး ပေါ်ထွက်လာတဲ့ ရလဒ်က လက်ခံ နိုင်ဖွယ် ရှိမရှိ စောင့်ကြည့် ကြမှာ ဖြစ်ပြီး လက်ခံနိုင်ဖွယ် မရှိရင်တော့ သူတို့ အနေနဲ့ ဆက်လက် ဆန္ဒပြ တောင်းဆို သွားမယ်လို့လည်း ပြောပါတယ်။

ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြမှုကို အာဏာပိုင်တွေ ဘက်က တစုံတရာ ဟန့်တား နှောင့်ယှက် အရေးယူတာ မရှိပေမဲ့ စောင့်ကြည့် တာတော့ ရှိခဲ့တယ်လို့ ကိုသားကြီးက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။