BBC navigation

ကေအိုင်အေ စခန်းကို အစိုးရရဟတ်ယာဉ် တိုက်ခိုက်ခဲ့

နောက်ဆုံး ရေးသားချိန် 5 ဒီဇင်ဘာလ 2012 - 18:42 GMT
kia

ကေအိုင်အေ စစ်စခန်း တခု

ပန်ဝါ ဒေသမှာ ရှိတဲ့ ကေအိုင်အေ စခန်းကို အင်္ဂါနေ့ ညနေမှာ မြန်မာ အစိုးရ တပ်ဘက်က ရဟတ်ယာဉ် ပေါ်ကနေ ဒုံးကျည်နဲ့ပစ်ခတ် ခဲ့တယ်လို့ ကေအိုင်အေက ပြောပါတယ်။

မြန်မာ အစိုးရ ဘက်က သုံးတဲ့ လက်နက် တွေဟာ ဝေဟင်က မြေပြင်ပစ် ဒုံးကျည်တွေ ဖြစ်တယ်လို့ ကေအိုင်အို ဘက်က ပြောဆိုနေပြီး နှစ်ဘက် စခန်းတွေ နီးကပ်နေ တာကြောင့် မှားယွင်း ပစ်ခတ် မိတာလည်း ရှိတယ်လို့ ကေအိုင်အေ ပြောခွင့် ရသူ ဦးလနန်က ပြောပါတယ်။

ပထမ အကြိမ် လာရောက် ပစ်ခတ် တုန်းကတော့ အစိုးရ စစ်စခန်းကို မှားယွင်းပြီး ပစ်ခတ် မိလို့ ဒဏ်ရာ ရတာတွေ ရှိခဲ့ပေမယ့် ကေအိုင်အေ ဘက်မှာတော့ ထိခိုက်မှု မရှိဘူးလို့ ဦးလနန်က ပြောပါတယ်။

ဒီပစ်ခတ် ခဲ့မှုနဲ့ ပတ်သက်ပြီး ထိခိုက် ပျက်စီးမှု တွေကို သီးခြား အတည်ပြုလို့ တော့မရသေး ပါဘူး။

တခါ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက် နေ့တုန်းက ရွှေလီမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ကေအိုင်အေနဲ့ အစိုးရတို့ နိုင်ငံရေး အရ ဆွေးနွေးမယ် ဆိုတာကို သဘောတူညီ ခဲ့ကြပေမယ့် နောက်ထပ် ဆွေးနွေးဖို့ ကတော့ ဘယ်တော့လောက် ဖြစ်နိုင်မယ် ဆိုတာကို မပြောနိုင်တဲ့ အကြောင်း ကိုလည်း ဦးလနန်က ပြောကြားသွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။