BBC navigation

လက်ပံတောင်း ကိစ္စ တရုတ်သံအမတ် ရှင်းလင်း

နောက်ဆုံး ရေးသားချိန် 7 ဒီဇင်ဘာလ 2012 - 16:27 GMT

မြန်မာ နိုင်ငံမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အတွက် တရုတ် နိုင်ငံဟာ အရေးကြီးတဲ့ မိတ်ဖက် နိုင်ငံ တခု လို့ ပြောကြား

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ကနေ ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။

တရုတ်သံ အမတ် လီဂျင်ဟွာက ဒီစီမံကိန်း အတွက် ဝမ်ပေါင် ကုမ္ပဏီ ကနေ မြေဧက ၆၀၀၀ စာ လျော်ကြေး ပေးထားပြီ ဖြစ်ကြောင်းနဲ့ စီမံကိန်းကို ဥပဒေနဲ့ အညီ ဆောင်ရွက် ခဲ့တာ ဖြစ်ကြောင်း ပြောကြားသွား ပါတယ်။

မြစ်ဆုံပဲ ဖြစ်ဖြစ် လက်ပံတောင်းပဲ ဖြစ်ဖြစ် ဒီစီမံကိန်းတွေဟာ နှစ်နိုင်ငံ စလုံး အတွက် တကယ့်ကို အကျိုး ရှိစေမယ့် စီမံကိန်းတွေ ဖြစ်ကြောင်း သံအမတ်က ပြောကြား ပါတယ်။

မြန်မာ နိုင်ငံမှာ လွှတ်တော် ကနေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပေဒကို မကြာသေးခင် က အတည်ပြု ပြီးသား ဖြစ်ကြောင်း နဲ့ အဲဒီလို ရင်းနှီး မြှုပ်နှံတဲ့ နေရာမှာ တရုတ် နိုင်ငံဟာ အရေးကြီးတဲ့ မိတ်ဖက် နိုင်ငံ တခု ဖြစ်တယ်လို့ ပြောကြား သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေဟာ တရား မျှတမှု ရှိမယ် ဆိုရင် သူတို့ အနေနဲ့ လက်ခံသွားမှာ ဖြစ်တယ် လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

တရုတ် သံအမတ်ကြီးဟာ မြန်မာ ပြည်တွင်း သတင်း ဂျာနယ် ၁၀ ခု ကျော်နဲ့ တရုတ် သတင်းဌာန တချို့ကို သောကြာနေ့က တွေ့ဆုံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။