BBC navigation

မြန်မာ့ပြောင်းလဲမှု ဒေါ်စုအမြင်

နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 23:52 GMT
DASSK Asean 100

အမြန်ပြောင်းလဲတာထက် အရည်အသွေးမီမီ ပြောင်းတာ ကောင်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပမယ့် စိတ်ချ ရတဲ့ အနေ အထားကို မရောက်သေး ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အာဆီယံ ခေါင်းဆောင် ၁၀၀ အစည်းအဝေးကို ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၅ ရက်ကနေ ၆ ရက် အထိ နှစ်ရက်တာ ကျင်းပခဲ့ရာမှာ ဒုတိယနေ့မှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေဟာ အကြောက်တရားနဲ့ ကင်းဝေးပြီ နေနိုင်တော့မှ နောက်ကြောင်း ပြန်မလှည့်နိုင်တော့မယ့် အခြေအနေ ရှိမယ်၊ အမြန်ပြောင်းလဲတာထက် အရည်အသွေးမီမီ ပြောင်းတာ ကောင်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လက်ပံတောင်းအရေး အပါအဝင် ကိစ္စရပ်တချို့မှာ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု နည်းသေးတာကိုလည်း သူက ထောက်ပြ ဝေဖန်ခဲ့ပါတယ်။

ဖက်ဒရယ် ပြည်ထောင်စု စနစ် နဲ့ ၂၁ ရာစုခေတ်စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံ ထူထောင်ဖို့ စိတ်ဝင်စား ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီအစည်း အဝေးကို လာတက်ကြတဲ့သူတွေ အများစုကလည်း ဒေါ်အောင်ဆန်း စုကြည် ပြောတဲ့ အချက်တွေကို သဘောတူ ကြမယ်လို့ ထင်ကြောင်း အစည်းအဝေး တက်ကြတဲ့ ဒေသတွင်းနဲ့ မြန်မာနိုင်ငံတွင်းက လူတွေကလည်း ပြောပါတယ်။

၈၈ အရေးအခင်းမှာ ခေါင်းဆောင် လှုပ်ရှားတဲ့အထဲမှာ ပါတဲ့ ကိုမိုးသီးဇွန်ကတော့ မြန်မာ့အရေးဟာ နောက်ပြန် ဆုတ်နိုင်တဲ့အပြင် အခုချိန်မှာ ရှေ့ကို မတိုး သေးဘူးလို့တောင် မြင်တဲ့ အကြောင်း၊ အစိုးရ အနေနဲ့ လူတွေကို ပိုမို လွတ်လပ်ခွင့် ပေးပြီး စားဝတ် နေရေး ပြေလည်အောင် အမြန် လုပ်ဆောင် ပေးသင့်ကြောင်း သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။