BBC navigation

ကုလအကြီးအကဲ ရန်ကုန်မှာ ရှင်းလင်းပွဲလုပ်

နောက်ဆုံး ရေးသားချိန် 7 ဒီဇင်ဘာလ 2012 - 17:36 GMT

ရခိုင် တိုင်းရင်းသားတွေကို မကူညီဘူး ဆိုတာ မဟုတ် မှန်ကြောင်း သူက ပြောပါတယ်

မြန်မာနိုင်ငံ ကိုရောက်ရှိ နေတဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့ ပါတယ်။

ဒီရှင်းလင်းပွဲမှာ မစ်အေးမို့စ်က ရခိုင် ပြည်နယ်မှာ ရိုဟင်ဂျာတွေဟာ အကူညီ အလိုအပ်ဆုံး လူတွေ ဖြစ်နေတာ ကြောင့် သူတို့ကို ဦးစားပေး ကူညီ ရတာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

ရခိုင် တိုင်းရင်းသားတွေကို မကူညီဘူး ဆိုတာ မဟုတ် မှန်ကြောင်းနဲ့ ဒါဟာ နားလည်မှု လွဲမှား တာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကုလ သမဂ္ဂဟာ လူသားချင်း စာနာမှု ဆိုင်ရာ စည်းမျဉ်းများ အတိုင်း ကူညီ နေတာ ဖြစ်တယ်လို့လည်း သူက ပြောကြားပါတယ်။

ကချင် ပြည်နယ်ဘက် မှာတော့ လူ ၄ သောင်း လောက်ဟာ ကေအိုင်အေ နယ်မြေမှာ ရှိနေ တာကြောင့် အကူအညီ မပေးနိုင်ခဲ့ဘူး ဆိုတာကို ပြောသွားခဲ့ ပါတယ်။

မစ်အေးမို့စ်ဟာ မြန်မာနိုင်ငံ ရခိုင် ပြည်နယ်နဲ့ ကချင် ပြည်နယ် တွေကို ခရီးလှည့်လည် အပြီးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ပြောသွားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။