BBC navigation

မုံရွာ ဝိနည်း စာတော်ပြန်ပွဲ ရပ်နားထား

နောက်ဆုံး ရေးသားချိန် 11 ဒီဇင်ဘာလ 2012 - 01:32 GMT

ဆူးလေ စေတီတော်နဲ့ ဆန္ဒပြ သံဃာတော်တွေ

မုံရွာခရိုင်(၈)မြို့နယ်လုံး ဆိုင်ရာ ရွှေကျင်နိကာယ ဝိနည်း စာတော်ပြန်ပွဲကြီးကို သံဃာတော် အပါး (၁၀၀၀) ကျော်တို့ဖြင့် နှစ်စဉ် နတ်တော်လဆန်း ( ၂ ၊ ၃ ၊ ၄ ၊ ၅ ) ရက်များတွင် စာပြန်ဆိုပွဲကြီးကို မုံရွာမြို့၊ အလယ်ရပ်၊ ဝိနယ ဗိမာန်တော်ကြီးတွင် ကျင်းပလေ့ ရှိပါတယ်။


ဒါပေမယ့် အခုနှစ် (၃၁)ကြိမ်မြောက် ဝိနည်း စာတော်ပြန်ပွဲကြီးကို မကျင်းပဖြစ်၊ ရပ်နားကြောင်းကို ဝိနည်းပြန်ဌာန အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာရ (အဂ္ဂမဟာပဏ္ဍိတ) လက်မှတ်ရေးထိုးပြီး ကျောင်းတိုက် အသီးသီးသို့ အကြောင်း ကြား စာပေးပို့ ထားကြောင်း သိရပါတယ်။

စာတော်ပြန်ပွဲ ရပ်နားရခြင်းအကြောင်း စုံစမ်းကြည့်တော့“တချို့ ဆရာတော်ကြီးများနှင့် တချို့ စာပြန်သံဃာတော်တို့က လက်ပန်းတောင်းတောင် အရေးမှာ ဆန္ဒပြ သံဃာတော်တွေကို မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက် နှိမ်နင်း ခံခဲ့ရတာကြောင့် စိတ်မချမ်းမသာ ဖြစ်ကြရကြောင်း၊ စာပြန်ဆိုရန် အခက်အခဲရှိကြောင်း” တင်ပြ လျှောက်ထား ကြတာကြောင့် နာယက ဆရာတော်ကြီးများနှင့် ဝိနယာ နုဂ္ဂဟလူကြီးများ ( ၉ ၊ ၁၂ ၊ ၁၂ )ရက်နေ့ နေ့(၁)နာရီအချိန်မှာ မုံရွာမြို့ ၊ ရွှေကျင် ဓမ္မာရုံကျောင်းတိုက်၊ သန္နိပါတ အစည်းအဝေး ခန်းမမှာ အစုံအညီ စည်းဝေးတော်မူကြပြီး ယခုနှစ် ဝိနည်းစာတော်ပြန်ပွဲကို ရပ်နားကြရန် တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြကြောင်း သိရသည်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။