BBC navigation

လက်ပံတောင်းတောင် ရှားပါးငှက်များ မျိုးသုဉ်းနိုင်

နောက်ဆုံး ရေးသားချိန် 10 ဒီဇင်ဘာလ 2012 - 11:39 GMT

လက်ပံတောင်း ဒေသက ငှက် ၃ မျိုးဟာ မြန်မာ နိုင်ငံမှာသာ ရှိတဲ့ ငှက်မျိုးတွေ ဖြစ်ပါတယ်

စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ဒေသမှာ ကျက်စားတဲ့ ငှက် ၃ မျိုး မျိုးသုဉ်း နိုင်မယ့် အန္တရာယ် ရှိနေတယ်လို့ မြန်မာငှက်နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဥက္ကဌ ဦးစိုးညွန့်က ပြောကြား လိုက်ပါတယ်။

မြန်မာ ဘီလုံး၊ စွေ့ငှက်နဲ့ နဖားကြူ အမြီးဝိုင်းငှက် လို့ ခေါ်တဲ့ ဒီငှက် ၃ မျိုးဟာ မြန်မာ နိုင်ငံမှာသာ ရှိတဲ့ ငှက်မျိုးတွေ ဖြစ်ပြီး အခုအချိန်မှာ အလွန်ရှားပါးနေ ပြီ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခု လက်ရှိ အခြေ အနေမှာ လက်ပံတောင်းတောင် ပတ်ဝန်းကျင် အနေ အထားကြီး ပြောင်းလဲမယ့် အခြေ အနေ ဖြစ်နေ တာကြောင့် ဒီငှက်တွေ အတွက် စိုးရိမ် ရတဲ့ အနေ အထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီငှက်တွေဟာ လက်ပံတောင်း ဒေသလို အပူပိုင်း ဆူးချုံတော ကို အမှီပြု နေရတာ ဖြစ်တဲ့ အတွက် ဒီတောင်ကြီးတွေ ပျောက်ကွယ် သွားရင် သူတို့ အတွက် နေစရာ ပျောက်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာသာ ရှိတဲ့ တခြား ဒေသက ငှက်မင်းသား ဝမ်းဖြူ၊ စာကလေး တမျိုး ဖြစ်တဲ့ မြန်မာတစ်နဲ့ မျက်ခုံးဖြူ ငှက်ပြာခြောက် လို့ခေါ်တဲ့ ငှက် ၃ မျိုး ဟာလည်း မျိုးသုဉ်းမယ့် အခြေအနေ ရှိနေတယ်လို့ ဦးစိုးညွန့်က ပြောပါတယ်။

ငှက်တွေ အတွက် အခုလို မျိုးသုဉ်းမယ့် အန္တရာယ် ရှိနေ တာဟာ လက်ပံတောင်း ကိစ္စ တခုတည်းကြောင့် မဟုတ်ပဲ နှစ်ပေါင်း များစွာ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးကို အားလုံး လစ်လျူ ရှုထားတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ သူကပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။