BBC navigation

ရခိုင် ဒေသ ဒုက္ခသည် အခက်အခဲ

နောက်ဆုံး ရေးသားချိန် 12 ဒီဇင်ဘာလ 2012 - 01:24 GMT
rakhine

ဆောင်းတွင်းမှာ မြေကြီးပေါ် တဲထိုးနေရ

ရခိုင်ပြည်နယ် အတွင်းက ရခိုင် နဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို နိုင်ငံတကာနဲ့ အစိုးရ လူမှု အဖွဲ့အစည်းတွေက ကူညီ နေပေမယ့် ဆောင်းတွင်း ဖြစ်လို့ တချို့ စခန်းတွေမှာ စောင်တွေ အရေးပေါ် လိုနေတယ်လို့ သိရပါတယ်။

သွားရေး လာရေး လွယ်ကူတဲ့ စစ်တွေလို မြို့ပေါ် ဒေသ တွေမှာ ဒုက္ခသည် တွေ တစ်စုံတစ်ရာ အဆင်ပြေကြပေမယ့် ဝေးလွန်းတဲ့ နယ်က ဒုက္ခသည် စခန်းတွေမှာတော့ အခက်အခဲ တွေ့နေ ကြပါတယ်။

မြောက်ဦး မြို့နယ်က ဒုက္ခသည် ၂ဝဝဝ ကျော်တဲ့ ယိုင်သည် မွတ်ဆလင် ရွာက ဒုက္ခသည် တွေ သူတို့ပိုင်တဲ့ လယ်ထဲက မှည့်နေတဲ့ စပါးကို ရိတ်ပြီး စုဆောင်း စားသောက် နေရပေမယ့် ဆန်စက်တွေ မရှိတော့လို့ စပါး ကြိတ်ရတာ အခက်အခဲ ရှိနေ ပါတယ်။

မြေပုံမြို့ ပေါ်က ရခိုင် ဒုက္ခသည် စခန်းမှာတော့ စားရေး သောက်ရေး အဆင်ပြေပေမယ့် ဆောင်းတွင်းမှာ မြေကြီးပေါ် တဲထိုးနေရလို့ နေရေး ထိုင်ရေး အဆင်မပြေဘူးလို့ သိရ ပါတယ်။

ဒါကြောင့် အိမ်တွေ ပြန်ဆောက်ပြီး နေထိုင်လိုပေမယ့် အာဏာပိုင်တွေ ခွင့်မပြုသေးလို့ အခက်ကြုံ နေကြရ ပါတယ်။

မြေပုံ မြို့ပေါ်မှာ ရခိုင်ဒုက္ခသည် ၃ဝဝ နီးပါးခန့် ရှိပြီး မွတ်ဆလင် ဒုက္ခသည် သုံးထောင်ကျော် ရှိပါတယ် ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။