BBC navigation

ကေအိုင်အေနဲ့ အစိုးရ တိုက်ပွဲဆက်

နောက်ဆုံး ရေးသားချိန် 11 ဒီဇင်ဘာလ 2012 - 16:43 GMT

အစိုးရ ဘက်က နောက်ထပ် ရဟတ်ယာဉ် သုံးပြီး တိုက်ခိုက် တာတွေ ရှိတယ်လို့ ကေအိုင်အေ ပြော

ကချင် ပြည်နယ် ပန်ဝါ ဒေသမှာ အစိုးရနဲ့ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်ဖွဲ့တို့ အကြား တိုက်ပွဲ အပြင်း အထန် ဆက်လက် ဖြစ်နေရာ၊ အစိုးရ ဘက်ကနေ နောက်ထပ် ရဟတ်ယာဉ် သုံးပြီး တိုက်ခိုက် တာတွေ ရှိတယ်လို့ ကေအိုင်အေက ဆိုပါတယ်။

အင်္ဂါနေ့ မနက်ပိုင်းက ရဟတ်ယာဉ် နှစ်စင်း တက်လာပြီး ကေအိုင်အေ ဘက်ကို ဒုံးတွေ နဲ့ ပစ်ခတ် သွားတာ ဖြစ်တယ်လို့ ကေအိုင်အို ပြောခွင့် ရသူ ဦးလနန်းက ပြောပါတယ်။

ဒီဇင်ဘာလ တိုက်ခိုက်မှုတွေ အတွင်း အခု တကြိမ်နဲ့ ဆိုရင် ရဟတ်ယာဉ်နဲ့ တိုက်ခိုက် တာဟာ ၃ ကြိမ် ရှိသွားပြီ ဖြစ်တယ်လို့ ဦးလနန်းက ပြောပါတယ်။

အဲဒီ ပန်ဝါ ဒေသမှာ အရင်က ဦးစခုန်တိမ့်ယိမ်း ခေါင်းဆောင်တဲ့ အန်ဒီအေကေ ကချင် အဖွဲ့က ထိန်းချုပ် ခဲ့ပြီး ၂၀၀၉ ခုနှစ် မှာ အန်ဒီအေကေ ကို နယ်ခြားစောင့် တပ် အဖြစ် အစိုးရက ပြောင်းလဲ ဖွဲ့စည်းခဲ့ ပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ အကြား အပစ် အခတ် ရပ်စဲရေး ပျက်ပြား သွားခဲ့ ပြီးနောက် ကေအိုင်အိုက ဒီဒေသကို သူတို့ အရင်တုန်း ကတည်းက ထိန်းချုပ် ထားခဲ့တာ ဖြစ်တယ် ဆိုပြီး ဝင်ရောက် နေရာ ယူခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။