BBC navigation

လက်ပံတောင်းအရေး ဆန္ဒပြသူတွေ ပြန်လွတ်

နောက်ဆုံး ရေးသားချိန် 11 ဒီဇင်ဘာလ 2012 - 16:44 GMT

ကိုမိုးသွေးနဲ့ ကိုအောင်စိုးတို့ နှစ်ဦး ကတော့ ဒီဇင်ဘာ ၂ ရက် နေ့က ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြခဲ့သူ ဒေါ်နော်အုန်းလှ ကိုမိုးသွေးနဲ့ ကိုဝေဠုတို့ အပါ အဝင် ၈ ဦးကို တရားရုံး အသီးသီး ကနေ အင်္ဂါနေ့က အာမခံနဲ့ ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။

ဒေါ်နော်အုန်းလှနဲ့ ကိုဝေဠု အပါ အဝင် ၆ ဦး ကတော့ လက်ပံတောင်း သပိတ် မဖြိုခွဲခင် စီမံကိန်းကို ကန့်ကွက် ဆန္ဒပြ ခဲ့တဲ့ အတွက် ပုဒ်မ ၅၀၅ ခ နဲ့ နိုဝင်ဘာ(၂၆)ရက် နေ့က ဖမ်းဆီးခံ ခဲ့ရတာ ဖြစ်ပါတယ်။

မျိုးဆက်သစ် လူငယ်များ အစည်း အရုံးက ကိုမိုးသွေးနဲ့ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးတို့ နှစ်ဦး ကတော့ လက်ပံတောင်း သပိတ်ကို အကြမ်း ဖက် ဖြိုခွဲ ခဲ့မှု အပေါ် ကန့်ကွက် ဆန္ဒပြမှု ကြောင့် ပုဒ်မ(၅၀၅ ခ)နဲ့ ပုဒ်မ(၁၈) တို့နဲ့ ဒီဇင်ဘာ ၂ ရက် နေ့က ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုမိုသွေးတို့ အမှုကိုတော့ လာမယ့် (၂၈)ရက်နေ့ကို ရုံးချိန်း ပေးလိုက်ပြီး၊ ဒေါ်နော်အုန်းလှတို့ (၆) ဦး ကိုတော့ လာမယ့် ၂၄ ရက် နေ့ကို ရုံးချိန်း ပေးထားပါတယ်။

နိုင်ငံတော်ကို ဆူပူအောင် လှုံဆော်မှု ဖြစ်တဲ့ ပုဒ်မ ၅၀၅ ခ နဲ့ တရားစွဲ ထားတာ ဟာ ဘယ်လိုမှ မဖြစ် သင့်ဘူးလို့ အမှုကို လိုက်လံ ဆောက်ရွက် ပေးနေတဲ့ ရှေ့နေ ရောဘတ် စန်းအောင်က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။