BBC navigation

ဦးသန့် အရေးအခင်း ဖြိုခွဲမှု အထိမ်း အမှတ် ကျင်းပ

နောက်ဆုံး ရေးသားချိန် 11 ဒီဇင်ဘာလ 2012 - 16:19 GMT
Former UN General Secretary, U Thant_UN picture

ဦးသန့် အရေး အခင်း ဖြိုခွဲမှု ၃၈ နှစ် အခမ်း အနား ကျင်းပ

ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ နေရာမှာ ထားရှိတဲ့ ကုလသမဂ္ဂ အတွင်း ရေးမှူး ချုပ်ဟောင်း ဦးသန့်ရဲ့ အုတ်ဂူကို ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကန်တော်မင် ပန်းခြံဆီ အာဏာပိုင်တွေ ရွှေ့ပြောင်း ခဲ့တဲ့ နေ့၊ ကျောင်းသား တွေကို အင်အားသုံးပြီး ဖြိုခွင်းခဲ့တဲ့ နေ့ အထိမ်း အမှတ် အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ ပေါက်စေတီ ကျောင်းမှာ ကျင်းပခဲ့ ပါတယ်။

ဦးသန့် အကြောင်း မျိုးဆက်သစ်တွေ ပိုမို သိရှိအောင် ကျင်းပတာ ဖြစ်တယ်လို့ အဲဒီ အခမ်း အနားနဲ့ ပတ်သက်ပြီး စီစဉ်သူ တစ်ယောက် လည်း ဖြစ်၊ ၁၉၇၄ ဦးသန့် အရေး အခင်းမှာ ပါဝင်ခဲ့သူ ကျောင်းသားဟောင်း ဦးလှမြင့်က ပြော ပါတယ်။

လွန်ခဲ့တဲ့ ၃၈ နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၂ နာရီက တက္ကသိုလ်ဝန်း တစ်ခုလုံးကို စစ်တပ်က ဝိုင်းထားခဲ့ပြီးတဲ့နောက် ကျောင်းသား သမဂ္ဂ နေရာက ဦးသန့် အုတ်ဂူကို မြေတူးစက်တွေနဲ့ လှန်တူးပြီး တက္ကသိုလ် ဝန်းထဲမှာ ရှိတဲ့ ကျောင်းသား တွေနဲ့ စျေးသည်တွေပါ မကျန် ဖမ်းဆီး သွားခဲ့တယ်လို့ ဦးလှမြင့်က ပြော ပါတယ်။

ဦးသန့် အရေး လှုပ်ရှားမှု အပါအဝင် အရင်တုန်းက ဖြစ်ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှု တွေကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်း ခဲ့လေ့ ရှိတာကြောင့် အခုလို နိုင်ငံရေး အရ တိုးတက် ပြောင်းလဲလာပြီ ဆိုတဲ့ အချိန် မျိုးမှာ ကျောင်းသား လှုပ်ရှားမှု တွေကို လွတ်လွတ် လပ်လပ် လုပ်နိုင် လာပြီလားလို့ ဘီဘီစီက မေးတာကိုတော့ မလုပ်နိုင်သေးဘူးလို့ သူက ပြောပါတယ်။

လှုပ်ရှားမှု ဆိုရာမှာ သမဂ္ဂတွေ ဖွဲ့စည်း တာမျိုးကို လုပ်နိုင်ကြ ပေမဲ့ ဆန့်ကျင်တဲ့ လှုပ်ရှားမှု လုပ်လို့ မရသေးဘူး၊ ဒါဟာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ဦးလှမြင့်က ပြော ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။