BBC navigation

အိန္ဒိယ ဂီတ ပညာရှင် ရာဗီ ရှန်ကာ ကွယ်လွန်

နောက်ဆုံး ရေးသားချိန် 12 ဒီဇင်ဘာလ 2012 - 16:06 GMT
Ravi Shankar dies at age 92

ထင်ရှားတဲ့ အိန္ဒိယ ဂီတ ပညာရှင်ကြီး ရာဗီ ရှန်ကာ နဲ့ the Beatles အဖွဲ့ဝင် ဂျော့ ဟယ်ရစ်ဆန်

ထင်ရှား ကျော်ကြားတဲ့အိန္ဒိယ ဂီတ ပညာရှင်ကြီး ရာဗီ ရှန်ကာ Ravi Shankar ဟာ ကာလီ ဖိုးနီးယား က သူ့နေအိမ်မှာ ကွယ်လွန် သွားခဲ့ ပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၉၂ နှစ် ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပါတ်က ဆန်ဒီ ယေးဂိုး San Diego မြို့က ဆေးရုံမှာ နှလုံး ရောဂါ အတွက် သူ ခွဲစိတ် ကုသမှု ခံယူ ခဲ့ရ ပါတယ်။

အိန္ဒိယ နိုင်ငံ ၀န်ကြီးချုပ် မန်မိုဟန် ဆင်းက ရာဗီ ရှန်ကာ ဟာ တိုင်းပြည် အတွက် အဖိုး မဖြတ်နိုင်တဲ့ သူ ဖြစ်ပြီး အိန္ဒိယ နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေ နဲ့ ပတ်သက်တဲ့ ကမ္ဘာလုံး ဆိုင်ရာ သံတမန် တစ်ယောက် ဖြစ်တယ်လို့ ဖော်ညွှန်း ပြောဆို ပါတယ်။

ရာဗီ ရှန်ကာဟာ Sitar လို့ ခေါ်တဲ့ ဗျပ်စောင်းလို အိန္ဒိယ ကြိုးတပ် တူရိယာကို ကမ္ဘာကျော် The Beatles အဖွဲ့နဲ့ အတူ တီးခတ် ဖြော်ဖြေ ခဲ့တဲ့ အတွက် နာမည် ကျော်ကြား ခဲ့ပါတယ်။

သူ့ရဲ့ နှစ်ပေါင်း ၇၀ ကျော် ဂီတ ခရီးလမ်းမှာ ဂရမ်မီ ဂီတ ထူးချွန်ဆု ၃ ဆု၊ အိန္ဒိယ နိုင်ငံက အရပ်သားတွေကို ချီးမြှင့်တဲ့ ဆုတွေ ထဲမှာ အမြင့်ဆုံး ဂုဏ်ပြုဆု ဖြစ်တဲ့ Bharat Ratna ဆုတို့ကို Ravi Shankar ရရှိခဲ့ပါတယ်။

ဂန္ဒီ ရုပ်ရှင်ကား အပါအဝင် ရုပ်ရှင် ကားပေါင်း မြောက်မြားစွာအတွက် တေးသီချင်းတွေ ကိုလည်း သူရေးစပ် သီကုံးခဲ့ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။