BBC navigation

ဒဏ်ရာရ ဦးတိက္ခဉာဏ ထိုင်းဆေးရုံရောက်

နောက်ဆုံး ရေးသားချိန် 13 ဒီဇင်ဘာလ 2012 - 17:07 GMT

ဦးတိက္ခ ဉာဏကို မိသားစုတွေပါ လိုက်လံ ပို့ဆောင် ခဲ့ပါတယ်

လက်ပံတောင်း သပိတ်ကို အင်အားသုံး ဖြိုခွင်း ခဲ့မှုကြောင့် အဆိုးဆုံး ဒဏ်ရာ ရခဲ့တဲ့ ဆရာတော် ဦးတိက္ခ ဉာဏဟာ ဆေးကုသမှု ခံယူဖို့ ကြာသပတေးနေ့ ညနေက ထိုင်းနိုင်ငံ ဘန်ကောက် ဆေးရုံကြီးကို ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

ဦးတိက္ခဉာဏဟာ MAI လေကြောင်းနဲ့ ထိုင်း နိုင်ငံကို သောကြာနေ့ ညနေ ၆ နာရီခွဲ လောက်မှာ ရောက်ရှိပြီး ဆေးရုံ ကိုတော့ ည ၇ နာရီ လောက်မှာ ရောက်ရှိလာ ခဲ့တာပါ။

ဆေးရုံမှာတော့ ဆရာတော်ကို စကား ပေးမပြော သလို၊ ဓာတ်ပုံ ရိုက်ခွင့်လည်း မပေးဘူးလို့ အဲဒီကို သွားရောက် ခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဦးကိုကိုအောင် က ပြောပါတယ်။

ဆရာတော်ကို လိုက်လံ ပို့ဆောင်ခဲ့တဲ့ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံ အုပ်ကြီး ဦးမောင်ဝင်းက ဆရာတော်ရဲ့ ခန္ဓာကိုယ်မှာ မီးလောင် ဒဏ်ရာ ရထားတာ ၄၅ ရာခိုင်နှုန်း လောက် ရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း တခြား မြင်တွေ့ခဲ့ရ သူတွေ ပြောတာ ကတော့ ဒီထက် ပိုတယ်လို့ ဆိုပါတယ်။

ဆေးရုံအုပ်ကြီးက သူတို့ ဆေးရုံမှာ ဆေးဝါး မပြည့်စုံလို့ ဒါမှ မဟုတ် အတတ် ပညာ မပြည့်စုံလို့ မဟုတ်ဘဲ လူနာရှင် ဆန္ဒ အတိုင်း ထိုင်းနိုင်ငံမှာ ကုသဖို့ ပို့ဆောင်ပေး တာသာ ဖြစ်တယ် လို့ ပြောပါတယ်။

ကျန်တဲ့ ဒဏ်ရာရ သံဃာများ အခြေအနေ ကောင်းမွန်ပြီး တချို့ အနာကျက်လို့ အရေပြား အစားထိုးဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။