BBC navigation

ဥပဒေနဲ့ မညီရင် အရေးယူမယ်

နောက်ဆုံး ရေးသားချိန် 13 ဒီဇင်ဘာလ 2012 - 15:35 GMT
Letpadaung Protesters

လက်ပံတောင်း စီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သူများ

လက်ပံတောင်း တောင်က သပိတ်စခန်း တွေကို အာဏာပိုင်တွေ က အင်အားသုံး ဖြိုခွဲခဲ့ တဲ့ အပေါ် နိုင်ငံတော် အဆင့် က တောင်းပန် ဖို့နဲ့ ဖြိုခွင်း မှုမှာ တာဝန်ရှိသူ တွေကို အမြန်ဆုံး ဖော်ထုတ် အရေးယူဖို့ တောင်းဆို ဆန္ဒ ပြမှုတွေ မုံရွာ၊ ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင် အပါအဝင် မြို့တချို့မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ဆက်လက် ဖြစ်ပွားခဲ့ ပါတယ်။

ဆန်းပြမှုတွေကို စီစဉ်သူ မရှိဘဲ အားလုံးက ကိုယ့်သဘောနဲ့ကိုယ် ထွက်လာခဲ့ကြတာ ဖြစ်လို့ ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ဆန္ဒ ပြခဲ့ ကြတယ်လို့ ဆန္ဒပြသူ တွေက ပြောပါတယ်။

တောင်းဆိုမှုတွေ မရ မချင်း ဆက်လက် ဆန္ဒပြ သွားမယ်လို့ သူတို့က ဆိုပါတယ်။

ဒီကိစ္စ တွေကို အစိုးရ ဘက်က ဘယ်လို ကိုင်တွယ် ဆောင်ရွက်သွားမလဲ ဆိုတဲ့ မူနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ကို ဆက်သွယ် မေးကြည့်တော့ လက်ရှိ ဖွဲ့စည်း ပေးထားတဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ တွေ့ရှိချက်တွေ အတိုင်း ဆက်လက် ဆောင်ရွက် သွားမယ်လို့ ပြော ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း ကတော့ ဥပဒေ ချိုးဖောက်မှု ရှိတာတွေကို ဖော်ထုတ် အရေးယူ သွားမယ်၊ ခွင့်ပြုချက် တောင်းခံခြင်း မရှိတဲ့ ဆန္ဒပြမှု တွေနဲ့ ပတ်သက်လို့ အရေးယူဖို့ စိစစ် နေတယ်လို့ ပြောပါတယ်။

ဒီလို လုပ်ဆောင်ရာမှာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အာဏာပိုင်တွေ အနေနဲ့ ပြည်ထောင်စု အစိုးရရဲ့ ဥပဒေ အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်၊ အခု ကိစ္စမှာ ဘယ်လို ကိုင်တွယ် ဖြေရှင်းရမယ် ဆိုတဲ့ နောက်ထပ် ညွှန်ကြားချက် မျိုးတော့ မရှိဘူးလို့လည်း သူက ပြောပါတယ်။

ရန်ကုန်တိုင်း လုံခြုံရေး ဝန်ကြီးက ဥပဒေ အရ အရေးယူ သွားမယ်လို့ ပြောနေချိန် မှာပဲ မန္တလေးနဲ့ မြင်းခြံမြို့တို့မှာ လူ လေးယောက်ကို ဖမ်းဆီး သွားခဲ့ပြီလို့ သိရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။