BBC navigation

လက်ပံတောင်း ဖြိုခွဲမှု DKBA ကန့်ကွက်

နောက်ဆုံး ရေးသားချိန် 15 ဒီဇင်ဘာလ 2012 - 00:55 GMT

ဆန္ဒ ထုတ်ဖေါ်ပွဲတွေကို ရဲနဲ့ တာဝန်ရှိ သူတွေကို ကြိုတင် အသိပေးပြီးမှ လုပ်ခဲ့တာ ဖြစ်ပါတယ်

အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ ဒီကေဘီအေ အဖွဲ့က အစိုးရရဲ့ ကချင်ပြည်နယ် ထိုးစစ်နဲ့ လက်ပံတောင်း သပိတ် ဖြိုခွင်း ခဲ့မှု အပေါ် မြ၀တီနဲ့ ကော့ကရိတ် မြို့တွေမှာ ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို မြဝတီမှာ ဒီကေဘီအေက ဒုဗိုလ်မှူးကြီး ဆန်းအောင်နဲ့ ကော့ကရိတ်မြို့ မှာတော့ ဒုဗိုလ်မှူးကြီး ကျော်သက်တို့ ဦးစီး ခဲ့ကြတယ်လို့ ဒီကေဘီအေ တာဝန် ရှိသူတွေက ပြောပါတယ်။

ဒီကေဘီအေ တချို့က ပိုစတာတွေ ကိုင်ပြီး လမ်းလျှောက် ဆန္ဒ ဖေါ်ထုတ်နေတဲ့ အချိန်မှာ ဒီကေဘီကေ တပ်ဖွဲ့ဝင် တချို့က လက်နက်တွေ ကိုင်ဆောင်ပြီး အနောက် ကနေ တပါးတည်း လိုက်နေ ကြတယ်လို့ မျက်မြင် မြို့ခံတွေက ပြောပါတယ်။

ဒီဆန္ဒ ထုတ်ဖေါ်ပွဲတွေကို ရဲနဲ့ တာဝန်ရှိ သူတွေကို ကြိုတင် အသိပေးပြီးမှ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဘားအံမြို့ကို သွားပြီး ဆန္ဒဖေါ်ထုတ်ပွဲလုပ်ဖို့ ကိုလည်း ဒီကေဘီအေ ဆက်ဆံရေး ရုံးက တဆင့်၊ ခွင့်ပြုချက် ထပ်ပြီး တောင်းခံ ထားတယ်လို့ ဒုဗိုလ်မှူးကြီး ဆန်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။