BBC navigation

ဆင်းမ်ကဒ်တွေ ထပ်ချပေးမည်

နောက်ဆုံး ရေးသားချိန် 15 ဒီဇင်ဘာလ 2012 - 16:56 GMT

Simcard တွေကို သာ ကျပ် ၁ သိန်းခွဲ နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အခုလို Smart Phone တွေကိုတော့ သီးသန့် ဝယ်ယူရမှာပါ။

မြန်မာ့ ဆက်သွယ်ရေးက စျေးနှုန်း ချိုသာတဲ့ မိုဘိုင်းဖုန်း အလုံးရေ တစ်သန်း ကျော်ကို မကြာမှီ ရက်ပိုင်းအတွင်း ဖြန့်ချီတော့မှာ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းဌာန ဒုတိယ အင်ဂျင်နီယာချုပ် ဦးစိုးအောင် က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ဘယ်တော့ စဖြန့်မယ် ဆိုတာ ကို တော့ တိတိ ကျကျ မသိရသေးပါဘူး။

မိုဘိုင်းဖုန်း လို့ပြောပေမယ့် တကယ်တန်းတော့ ဒါ ဟာ ဆင်းမ်ကဒ် တွေသာ ဖြစ်ပါတယ်။

အခု ဆင်းမ်ကဒ်တွေ ဟာ WCDMA ကဒ်တွေ ဖြစ်ပြီး အခုလို တိုးချဲ့လုပ်ဆောင်မှုကြောင့် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှု ဟာ လူ ၁၀၀ မှာ ၉ ယောက်လောက်အထိ ရှိ လာမယ်လို့ ဦးစိုးအောင်က ပြောပါတယ်။

တန်ဖိုးနည်းဖုန်း လို့ပြောပေမဲ့ ဒီဖုန်း တွေဟာ ကျပ်တစ်သိန်းခွဲ ဆိုရင် တောင် အိမ်နီးချင်း အာဆီ ယံနိုင်ငံ တွေနဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်းက အဆ ၃၀ ကျော်လောက် များနေသေးတာကြောင့် လူတွေက ဒီထက် စျေးထပ်ကျလာဖို့ မျှော် လင့်နေ ကြပါတယ်။

ပြီးခဲ့တဲ့ ကျပ်၂သိန်းတန် ဖုန်း တုန်းက လည်း လူတွေ အလုအယက် ဝယ်ယူကြပြီး ဈေးကွက်ကို လိုသလောက် မဖြန့်ပေးနိုင်တာကြောင့် မှောင်ခိုဈေးကွက်မှာ ကျပ် ၂ သိန်း ခွဲ အထိ ဈေးပေါက်ခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။