BBC navigation

ရခိုင်ပြည်နယ်အရေး စိတ်မအေးလို့ပြော

နောက်ဆုံး ရေးသားချိန် 16 ဒီဇင်ဘာလ 2012 - 01:49 GMT
_rakhine_myaukoo_mrauku

ရခိုင်ဒုက္ခသည်စခန်း

မြန်မာနိုင်ငံ ကို ရောက်လာတဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ ဝန်ကြီး Hugo Swire က မြန်မာအစိုးရ ရဲ့ ပြုပြင် ပြောင်းလဲရေး ကို ထောက်ခံ ပေမယ့် လက်ရှိဖြစ်ပေါ် နေတဲ့ အခြေအနေ တချို့ဟာ စိုးရိမ်စရာ ကောင်းတဲ့ အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

မြန်မာအစိုးရ ရဲ့ ဒီမိုကရေစီရေး နဲ့ တိုင်းရင်းသား ညီညွတ်ရေး ကြိုးပမ်းမှု ကို ဗြိတိန် က ကြိုဆိုထောက်ခံ ပေမယ့် ကချင်ဒေသနဲ့ ရခိုင် ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဟာ စိုးရိမ်စရာ ကောင်းနေဆဲ ဖြစ်တဲ့ အကြောင်း၊ တည်ငြိမ် အေးချမ်းမယ့် အခြေအနေ ရောက်အောင် လုပ်ဖို့ လိုသေးကြောင်း၊ ရခိုင်ပြည်နယ် အရေးကို အလေးအနက်ထားပြီး မဆောင်ရွက်ရင် ပြဿနာကြီး တရပ် ဖြစ်လာနိုင်တယ် လို့ ဝန်ကြီး Hugo Swire က ပြောတာပါ။

ဗြိတိန်နိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံ နဲ့ ပြည်သူလူထု အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိပုံ လည်းဆိုသွားပါတယ်။ ဝန်ကြီး Hugo Swire ဟာ ဗြိတိန် ကုန်သွယ်ရေး အဖွဲ့ကိုလည်း ခေါင်းဆောင်လာတဲ့ အတွက် မြန်မာ ကုန်သည်ကြီးများ အသင်းနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စာချွန်လွှာ ကိုလည်း လက်မှတ်ရေးထိုး ပါတယ်။

မြန်မာနိုင်ငံရဲ့ စွမ်းအင် ထုတ်လုပ်မှု အပိုင်း၊ လျှပ်စစ် ဓါတ်အားပေးရေး လိုအပ်ချက်ထဲ ပါဝင်တဲ့ ဓါတ်အားလိုင်း သွယ်တန်းရေးလည်း စိတ်ဝင်စားမှု ပြသယင်း၊ လာမည့်နှစ် မှာ မြန်မာစွမ်းအင်ဝန်ကြီး ရဲ့ ဗြိတိန် ခရီးမှာ မြန်မာပြည် ကို အခုတခေါက် လိုက်ပါလာတဲ့ ကုမ္ပဏီတွေ နဲ့ ထပ်မံဆွေးနွေးရေး ရှိတဲ့ အကြောင်းပါ ဝန်ကြီး Hugo Swire က ပြောသွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။