BBC navigation

ကချင်နယ်မြေတွင်း တိုက်ပွဲပြင်းထန်

နောက်ဆုံး ရေးသားချိန် 17 ဒီဇင်ဘာလ 2012 - 01:53 GMT
_bbc_kia_absdf_304x171

ကချင်ပြည်နယ်တိုက်ပွဲ

ကချင်ပြည်နယ် က မိုးမောက်မြို့နယ် အတွင်းမှာ ကေအိုင်အေ ဌာနချုပ် နဲ့ (၇ မိုင်) အကွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ က ကေအိုင်အေ နဲ့ ABSDF ကျောင်းသား တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့ ပူးပေါင်း စစ်ဆင်ရေး အတွင်း မြန်မာ့တပ်မတော်မှ စစ်သား(၇) ယောက် ကို ဖမ်းမိသလို၊ လက်နက်ကြီး အမြောက်အမြား သိမ်းဆည်း ရမိတယ် လို့ ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်း တပ်ဖွဲ့မှ စစ်ရေး နိုင်ငံရေး အကြံပေး အရာရှိ က ဘီဘီစီ ကို ပြောပါတယ်။

ဒဏ်ရာတွေ နဲ့ ဖမ်းမိတဲ့ မြန်မာ စစ်သားတွေကို သုံ့ပန်း ပေါ်လစီ လူ့အခွင့်အရေး အရ၊ ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး၊ ဆေးဝါးကုသမှု လည်းပေးကြောင်း၊ နောက်ပိုင်းမှာတော့ သူတို့ ဆုံးဖြတ်ချက် အတိုင်း ပြန်ချင်ရင် ပြန်လွှတ်လိုက်မှာ ဖြစ်သလို၊ ဆက်နေချင်လည်း နေခွင့်ပေးမယ့် အကြောင်းတွေ ကို ABSDF က ပြောပါတယ်။

မြန်မာစစ်တပ် ရဲ့ အခြေအနေ ကိုရှင်းပြရာမှာ တော့ လက်နက်နဲ့ ရိက္ခာ ပို့တဲ့ နေရာမှာ မအောင်မြင်တဲ့အပိုင်းတွေ့ရပြီး၊ သယ်ဆောင်လာတဲ့ လက်နက်အင်အား ကို ကြည့်ရင် ဒီဒေသအတွင်း ထိုးစစ် ကြီးကြီးမားမား လုပ်မယ့် အသွင်ဆောင်ကြောင်း လည်း ရှင်းပြပါတယ်။

ရိက္ခာ ပို့ရုံ သက်သက်ဆိုရင် လက်နက်ကြီးတွေ သယ်ဆောင်စရာ မလိုအပ်ပုံတွေ ထောက်ပြပါတယ်။

လက်နက်ကြီးကျည်တွေ ထဲမှာလည်း ဘဇူကာကျည်၊ ၈၁၊ ၈၂ ကျည်တွေ ပါဝင်တယ် လို့လည်း ဆိုပါတယ်။

အခုလို မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားပေမယ့်လည်း ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကို ထိခိုက်မယ် လို့ မထင်မှတ်ပုံ၊ တိုင်းရင်းသားဒေသ တွေမှာ အခြေစိုက် နေရတဲ့ အတွက် ABSDF ရဲ့ ရပ်တည်ချက် မူလေးချက် နဲ့ မကိုက်ညီ သေးလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်တွဲသွားရေး သာ အခြေအနေပေးတဲ့ အကြောင်း ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်း တပ်ဖွဲ့မှ စစ်ရေး နိုင်ငံရေး အကြံပေး အရာရှိ က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။