BBC navigation

မူလတန်းကျောင်း သေဆုံးသူတွေ သင်္ဂြိုဟ်မယ်

နောက်ဆုံး ရေးသားချိန် 17 ဒီဇင်ဘာလ 2012 - 17:03 GMT
newtown

အဖြစ်ဆိုးတွေ ထပ်မပေါ်ရအောင် ကြိုးစားမယ်

ကွန်နက်တီကတ် ပြည်နယ် စာသင်ကျောင်း သတ်ဖြတ်မှုမှာ သေဆုံးခဲ့သူ တွေ ရဲ့ အသုဘ အခမ်းအနားတွေကို ကနေ့ နှောင်းပိုင်းမှာ ကျင်းပ တော့မှာ ဖြစ်ပါတယ်။

အငယ်ဆုံး သေဆုံးသူ ကတော့ ၆ နှစ် အရွယ် မူလတန်း ကျောင်းသား ဂျက်ပင်တို ဖြစ်ပါတယ်။

သောကြာ နေ့ က နယူးတောင်းမြို့မှာ သေနတ်သမား တယောက် ဝင်ပစ်သွားလို့ ကလေး အယောက် ၂ဝ နဲ့ လူကြီး ၆ ယောက် သေဆုံး ခဲ့ရပါတယ်။

ဒီလို ကြေကွဲစရာ အဖြစ်ဆိုးတွေ အဆုံးသတ်ဖို့ အမေရိကန် နိုင်ငံ အနေနဲ့ ပြုပြင် ပြောင်းလဲမှု တွေ လုပ်မှ ရတော့မယ်လို့ အမေရိကန် သမ္မတ အိုဘားမားက တနင်္ဂနွေနေ့က ပြုလုပ်တဲ့ နယူးတောင်းမြို့ ဘာသာ ပေါင်းစုံ ဝတ်ပြု ဆုတောင်းပွဲမှာ မိန့်ခွန်း ပေးခဲ့ပါတယ်။

လာမယ့် သီတင်းပတ် တွေ အတွင်း သမ္မတ အာဏာကို အသုံးပြုပြီး ဒီလိုမျိုး အနိဋ္ဌာရုံ အဖြစ်ဆိုးတွေ ထပ်ပြီး မပေါ်ပေါက်ရအောင် ကြိုးစား သွားမယ်၊ စိတ်ကျန်းမာရေး ပညာရှင်တွေ နဲ့ ဆရာ မိဘတွေ အတွက် ဥပဒေတွေ သတ်မှတ် ပြဋ္ဌာန်းပေးမယ်လို့ မစ္စတာ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

သမ္မတ အာဏာ ကို ကျင့်သုံးတဲ့ အကြောင်း ပြောရာမှာ လက်နက် ကိုင်ဆောင်မှု ထိန်းချုပ်ရေး ဥပဒေ နဲ့ ပတ်သက်တာ ကိုတော့ ထည့်သွင်း ပြောကြား မသွားပါဘူး။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။