BBC navigation

အမေရိကန် သံအမတ် ကချင်ပြည်နယ် သွားရောက်

နောက်ဆုံး ရေးသားချိန် 18 ဒီဇင်ဘာလ 2012 - 16:50 GMT

မစ္စတာ မစ်ချဲလ်ဟာ မြောက်ပိုင်းတိုင်း တိုင်းမှူး အပါအဝင်၊ ပြည်နယ် အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ သီးခြား ဆီ တွေ့ဆုံ

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်နဲ့ အဖွဲ့ဟာ မြစ်ကြီးနား မြို့ကို အင်္ဂါနေ့ မနက်က သွားရောက် ခဲ့ပြီး အဲဒီမှာ ရှိတဲ့ ဒုက္ခသည် စခန်းကို ကြည့်ရှုခဲ့ ပါတယ်။

တနင်္လာနေ့ ကလည်း မစ္စတာ မစ်ချဲလ်နဲ့ အဖွဲ့ဟာ မြောက်ပိုင်းတိုင်း တိုင်းမှူး အပါ အဝင် ကချင် ပြည်နယ် အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ သီးခြား ဆီ တွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ ဒုက္ခသည် အရေး တွေကို မေးမြန်းခဲ့ ပါတယ်။

မစ္စတာ မစ်ချဲလ်နဲ့ အမေရိကန် အဆင့်မြင့် အရာရှိတွေဟာ မြစ်ကြီးနား မြို့မှာ၊ တွေ့တဲ့ သူတိုင်းကို ကေအိုင်အိုနဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး ကိစ္စနဲ့ ဒုက္ခသည် အရေးတွေ ကိုပဲ မေးမြန်း စုံစမ်း ခဲ့တယ် လို့ ကချင်ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ပီစီဂျီ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ကလည်း တိုက်ပွဲတွေ ဖြစ်နေ တာကြောင့် ကေအိုင်အို နဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက် ဘာလုပ် ရမှန်း မသိ ဖြစ်နေ တယ်လို့ သံအမတ်ကြီးကို ပြောပြ ခဲ့တယ်လို့ သိရပါတယ်။

ဒီခရီးစဉ်ဟာ အမေရိကန် သံအမတ် ဒဲရက်ခ် မစ်ချဲလ် ရဲ့ ပထမဆုံး ကချင် ပြည်နယ် ခရီးစဉ် ဖြစ်ပြီး၊ အရေးကြီးတဲ့ ခရီးစဉ် တခုလို့ ပြောနိုင် ပါတယ်။

ကချင် ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေမှုဟာ တိုင်းပြည် အပြောင်း အလဲ အတွက် အနှောက် အယှက် ဖြစ်နိုင်တဲ့ အချက် တခု အဖြစ် အမေရိကန် ဘက်က စိုးရိမ် နေပုံရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။