BBC navigation

ရခိုင်ဒုက္ခသည်တွေကို NLD သွားကူညီ

နောက်ဆုံး ရေးသားချိန် 18 ဒီဇင်ဘာလ 2012 - 00:46 GMT

အခက်အခဲ ကြုံနေရတဲ့ ရခိုင် ဒုက္ခသည်တွေ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရခိုင်ပြည်နယ်က သက်ဆိုင်ရာ လူကြီးတွေကို ရခိုင်ပြည်နယ်က မြို့နယ် တချို့ကို သွားရောက်ပြီး ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နေရာမှာ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို သိရှိခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် ကော်မရှင် အဖွဲ့ဟာ အခုအခါ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ၊ မြေပုံ၊ မြောက်ဦး၊ ပေါက်တော၊ ကျောက်တော်နဲ့ ရသေ့တောင် စတဲ့ မြို့နယ် (၆) မြို့နယ်ကို သွားရောက်ပြီး ရခိုင်ပဋိပက္ခအတွင်း ဒုက္ခရောက် နေကြသူတွေကို အကူအညီတွေ ပေးနေပါတယ်။

ဒုက္ခသည်တွေ အနေနဲ့ တချို့နေရာ ဒေသတွေမှာ တည်ငြိမ် အေးချမ်းနေပြီ ဖြစ်ပေမယ့် ပြန်လည် နေရာ ချထားပေးတာတွေ မရှိသေးတဲ့ အတွက် အဆင်မပြေမူတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

အခု ကျောက်တော်မြို့ကို ရောက်နေတဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်သူဦးညီပုကတော့ သူမြင်တွေ့ခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို ပြောပြရာမှာ အခု ရခိုင်ပြည်နယ် အဖွဲ့ချုပ် ကော်မရှင်ဟာ ရခိုင်ပြည်နယ် အတွင်းမှာ ဇွန်လနဲ့ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မူတွေကြောင့် မြို့နယ်တချို့မှာ ညီလာခံ ကော်မရှင်တွေ မဖွဲ့နိုင်ဘဲ ဖြစ်နေတဲ့ အတွက် သွားရောက် ကူညီ ဆောင်ရွက် နေစဉ် အတွင်းမှာ ခုလို ဒုက္ခသည်တွေကိုပါ အကူအညီတွေကို တပါတည်း ပေးအပ် နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကူအညီတွေကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူအတိုင်း ကူညီပေးနေတာ ဖြစ်တယ်လို့ နောက်ထပ် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစိုးလေးကလည်း ပြောပါတယ်။

အခု အကူအညီဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုက ဒုတိယ အကြိမ် အကူအညီ ဖြစ်ပြီး ကျပ် သိန်း ၁၀၀ ဖြစ်ပါတယ်။

ပထမ အကြိမ်တုန်းကတော့ ကျပ် သိန်း ၂၀၀ ရခိုင် ပြည်နယ်က ဒုက္ခသည်တွေကို ကူညီ လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။