BBC navigation

မြန်မာကနေ ဂျပန်ကို ဆန်တင်ပို့မယ်

နောက်ဆုံး ရေးသားချိန် 19 ဒီဇင်ဘာလ 2012 - 18:07 GMT

ဆင်းသွယ်လတ်နဲ့ မှော်ဘီ ၂၊ နှစ်မျိုးကို တင်ဒါ စနစ် နဲ့ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဂျပန်ကို တင်ပို့မှာဖြစ်

မြန်မာ နိုင်ငံ ကနေ ဂျပန် နိုင်ငံကို ပထမဦးဆုံး အကြိမ် အဖြစ် ဆန် တင်ပို့နိုင် တော့မှာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းက တွဲဖက် အတွင်း ရေးမှူး ဦးမျိုးသူရအေးက ဘီဘီစီကို ပြောပါတယ်။

အဲဒီလို တင်ပို့ ရာမှာ မြန်မာ နိုင်ငံမှာ စိုက်ပျိုးတဲ့ ဆင်းသွယ်လတ်နဲ့ မှော်ဘီ ၂၊ အမျိုး အစား များကို တင်ဒါ စနစ် နဲ့ ဝင်ရောက် ယှဉ်ပြိုင်ပြီး တင်ပို့ရမှာ ဖြစ်တယ်။

မြန်မာ နိုင်ငံ ဆန်လုပ် ငန်းရှင်များ အဓိက ဖွဲ့စည်း ထားတဲ့ MAPCO ကနေ ဂျပန် နိုင်ငံကို ၂၀၁၃ ခုနှစ် နှစ်ဆန်း ပိုင်းက စပြီး တင်သွင်း ရောင်းချဖို့ ရှိပါတယ်။

ဂျပန် နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်း လုပ်ငန်း ဝန်ကြီး ဌာနမှ ကိုယ်စားလှယ် အဖွဲ့ဟာ ဒီဇင်ဘာလ ၁၃ ရက် နေ့က မြန်မာ နိုင်ငံကို လာရောက် ခဲ့ပြီး မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာ့ လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်း MAPCO အပါအဝင် မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းမှ တာဝန်ရှိ သူများနဲ့ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ကို တင်သွင်း ရမယ့် ဆန်တွေမှာ ဓါတု ဓာတ်ကြွင်းများ မပါဝင်ဖို့ နဲ့ မှိုဓာတ်တွေ မပါဝင်ဖို့ ကို ဂျပန် ဘက်က တခါတည်း စိစစ် သွားဖို့ ရှိပြီး၊ မြန်မာဘက် ကလည်း တင်ကြိုပြီး ပြင်ဆင်သွားဖို့ လိုတယ် လို့လည်း ဆန်အသင်းက ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ အခုနှစ် ဆန်တင်ပို့မှု အခြေ အနေဟာ လက်ရှိမှာ မနှစ်ကထက် တန် ၂ သိန်း ကျော် တင်ပို့ ထားနိုင်ပြီး၊ ဒီနှစ် ကုန်ရင်တော့ တန်ချိန် ၁.၂ သန်း ကျော် လာ နိုင်တဲ့ အခြေ အနေ ရှိနေပါတယ်။

စျေးနှုန်း အနေနဲ့ ကတော့ မြန်မာဆန်ဟာ တစ်တန်ကို ဒေါ်လာ ၃၃၀ ကျော် ဈေးပေါက် နေတယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံ ဟာ ၁၉၆၀ ခုနှစ် ကနေ ၁၉၆၃ ခု နှစ် အတွင်း ဆန် တန်ချိန် ၁. ၇ သန်း အထိ တင်ပို့ နိုင်ခဲ့ပြီး၊ ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံ တခု ဖြစ်ခဲ့ဖူး ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။