BBC navigation

ကုလ အထူးကိုယ်စားလှယ် ရခိုင်ပြည်နယ် သွားရောက်

နောက်ဆုံး ရေးသားချိန် 19 ဒီဇင်ဘာလ 2012 - 16:34 GMT
 nambia

ကုလအထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား

ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဟာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်စလင်တွေ အတူတကွ နေထိုင်ရေးအတွက် ဒေသခံတွေနဲ့ သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ဗုဒ္ဓဟူး နေ့မှာတော့ မောင်တောမြို့ကို သွားရောက်ခဲ့ပြီး အင်္ဂါနေ့ တုန်းကတော့ ပေါက်တော၊ မြေပုံနဲ့ စစ်တွေ မြို့တွေကို သွားရောက် ခဲ့ပါတယ်။

ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားနဲ့ အတူ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ ရခိုင် ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်နဲ့ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် တို့ လည်း ဒေသခံ တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက မောင်တော မှာတော့ မွတ်စလင် တွေဘက်က တာဝန်ရှိတဲ့ ရပ်မိရပ်ဖတွေ မလာလို့ အသေအခြာ ဆွေးနွေး နိုင်တဲ့ အနေအထား မရှိခဲ့ဘူးလို့ ရခိုင် ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြောပါတယ်။

အင်္ဂါနေ့ တုန်းက ပေါက်တောနဲ့ မြေပုံမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ မေးမြန်း ခဲ့တာတော့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမှာတော့ မနေ့တုန်းက နှစ်ဘက် ရပ်မိရပ်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

အထူးသဖြင့် အစိုးရနဲ့ ကုလသမဂ္ဂ ဘက်က အတူတကွ ပြန်လည် နေထိုင်ရေးကို ပြောဆို ဆွေးနွေးခဲ့ ပါတယ်။

ရခိုင် တိုင်းရင်းသားတွေ ဘက်ကတော့ ဆွေးနွေးပွဲမှာ အတူနေဖို့ မဖြစ်နိုင်ဘူးလို့ တင်ပြခဲ့တယ်လို့ အဲဒီ ဆွေးနွေးပွဲကို တက်ရောက် ခဲ့သူ တဦးက ပြောပါတယ်။

အင်္ဂါနေ့ တုန်းက အဲဒီလို အပြန်အလှန် ပြောဆို ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ မနက်မှာ မွတ်စလင် ရပ်မိရပ်ဖတွေကို လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက သီးသန့် တွေ့ပြီး ပြောဆို ခဲ့တာတွေ ရှိတယ်လို့ မွတ်စလင် ဘက်က ပြောပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။