BBC navigation

ကချင် ငြိမ်းချမ်းရေးအတွက် အမေရိကန် တိုက်တွန်း

နောက်ဆုံး ရေးသားချိန် 21 ဒီဇင်ဘာလ 2012 - 01:11 GMT
Kachin KIA

မြန်မာအစိုးရသစ် တက်လာပြီးနောက် ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာ

မြန်မာ အစိုးရနဲ့ KIA ကချင် လွတ်လပ်ရေး အဖွဲ့ အကြား တွေ့ဆုံ ဆွေးနွေးမှု လုပ်ငန်းစဉ် အမြန်ဆုံး လုပ်ကြဖို့ အမေရိကန် အစိုးရက ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဒီလုပ်ငန်းစဉ်မှာ နှစ်ဘက် ယုံကြည်မှု တည်ဆောက်နိုင်ရေး ၊ ပဋိပက္ခ ဖြစ်ရတဲ့ အခြေခံ အကြောင်းတရားတွေကို ဆွေးနွေးရေး၊ ဒုက္ခသည်တွေကို အကူအညီပေးနိုင်ရေး စတာတွေ ပါသင့်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကချင်ဒေသက ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့အပြီးမှာ အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အခုလို နိုင်ငံကြီး တနိုင်ငံက ကချင်ငြိမ်းချမ်းရေးအတွက် ကြေငြာချက်ထုတ် တိုက်တွန်းတာကို ကြိုဆိုတဲ့အကြောင်း KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ဘီဘီစီကို ပြောပါတယ်။

လတ်တလောမှာ အစိုးရဘက်က ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ ဒီဇင်ဘာလ ၁၃ ရက်က ကမ်းလှမ်း ထားပေမယ့် KIO ဘက်က အကြောင်း မပြန်နိုင်သေးတာဟာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေတဲ့အတွက် ဖြစ်တယ်လို့ ဦးလနန်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။