BBC navigation

ဝမ်ပေါင်နဲ့ ဦးပိုင် ကုမ္ပဏီတွေကို တရားစွဲမယ်

နောက်ဆုံး ရေးသားချိန် 21 ဒီဇင်ဘာလ 2012 - 00:44 GMT

နှစ်နိုင်ငံ စာချုပ်မှာ အားနည်း ချက်တွေ ရှိရင်၊ ပဋိညာဉ် ဥပေဒက တရားစွဲ ဆိုခွင့် ပေးထား

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး၊ ပြည်ပက နိုင်ငံခြားသား ရှေ့နေတွေ အပါ အဝင် မြန်မာ ရှေ့နေတွေက ဝမ်ပေါင်နဲ့ ဦးပိုင် ကုမ္ပဏီတွေကို တရား စွဲဖို့ စီစဉ် နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က စုံစမ်း စစ်ဆေးမှုတွေ လုပ်နေချိန် မှာပဲ အခုလို တရားစွဲဖို့ ဖြစ်လာ တာပါ။

မြန်မာ နိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ ဆိုတာ ပြဌာန်း ထားပြီး ဖြစ်တဲ့ အတွက် အဲဒီ ဥပဒေ အရ တရားစွဲ ဆိုမှာ ဖြစ်တယ် လို့ တရား လွှတ်တော် ရှေ့နေ ဦးရောဘတ် စန်းအောင်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတကာမှာ ရှိတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ ရှေ့နေ တွေကို ဖိတ်ခေါ်ကာ တိုင်ပင် ရမှာ ဖြစ်ပြီး၊ သင်္ကြန် မတိုင်ခင် အမှု တင်နိုင် မယ်လို့ ယုံကြည် ကြောင်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင် ကတော့ တွေ့ရှိချက် တွေကိုပဲ တင်ပြမှာ ဖြစ်တဲ့ အတွက်၊ အဲဒီက အချက် အလက်တွေကို လည်း စောင့်ပြီး ဆောင်ရွက်မှာ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

အဲဒီ စုံစမ်းရေး ကော်မရှင် လုပ်ငန်းတွေ ကိုတော့ ထိခိုက်အောင် မလုပ်ဘူးလို့ ဆိုပါတယ်။

ကော်မရှင် အစီရင်ခံစာ ကြောင့် စီမံကိန်း ရပ်ဆိုင်း လိုက်ရင်လည်း နစ်နာ သွားတဲ့ သူတွေ အတွက် ဆက်ပြီး တရားစွဲမှာ ဖြစ်ကြောင်း ပြောပါတယ်။

နှစ်နိုင်ငံ စာချုပ် ချုပ်ဆိုထား ပေမယ့်လည်း စာချုပ်မှာ အားနည်း ချက်တွေ ရှိနေရင်၊ ပဋိညာဉ် ဥပဒေက တရားစွဲ ဆိုခွင့် ပေးထား ကြောင်း ဦးရောဘတ် စန်းအောင်က ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။