BBC navigation

မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်မယ်

နောက်ဆုံး ရေးသားချိန် 21 ဒီဇင်ဘာလ 2012 - 17:25 GMT

ပြည်တွင်းမှာ ရောက်နေတဲ့ နိုင်ငံခြားသား အရေ အတွက် သိရအောင်လည်း စာရင်း ကောက်မယ်

မြန်မာ နိုင်ငံမှာ သန်းခေါင် စာရင်း ကောက်ခံတဲ့ အခါ ပြည်ပမှာ တရားမဝင် ရောက်နေ သူတွေနဲ့ ပြည်တွင်းက နေရာ အခြေ တကျ မရှိတဲ့ သူတွေကိုပါ ကောက်ခံ သွားမှာ ဖြစ်ပါတယ်။

သန်းခေါင် စာရင်း ကောက်ခံတဲ့ နေရာမှာ လူအရေ အတွက် ၊ အသက် အရွယ်၊ ဒုက္ခိတ ဖြစ်မှု အစ ရှိတဲ့ အခြေခံ အချက် အလက်တွေကိုပါ တပါတည်း ကောက်မှာ ဖြစ်ပါတယ်။

နိုင်ငံခြား ရောက်နေတဲ့ မြန်မာ နိုင်ငံသားတွေ ကိုတော့ သံရုံး အပါ အဝင် သက်ဆိုင်ရာ နိုင်ငံက စာရင်း ဇယား အပေါ် အခြေခံပြီး ကောက်သွားမှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။

ပြည်တွင်းမှာ ရောက်နေတဲ့ နိုင်ငံခြားသား အရေ အတွက် သိရအောင်လည်း၊ စာရင်း ကောက်သွားဖို့ ရှိတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါ တယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။