BBC navigation

ဗိုလ်ချုပ်မူတူးကို ကေအန်ယူ ဥက္ကဌ အဖြစ်တင်မြှောက်

နောက်ဆုံး ရေးသားချိန် 21 ဒီဇင်ဘာလ 2012 - 11:32 GMT

စောမူတူး ဥက္ကဌ ဖြစ်လာတဲ့ အတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပိုသွက်လာနိုင်

၁၅ ကြိမ်မြောက် ကရင် အမျိုးသား အစည်း အရုံး (KNU) ကွန်ဂရက် ကနေ ဗိုလ်ချုပ်ကြီး စောမူတူး စေဖိုးကို ကေအန်ယူ ဥက္ကဌ အဖြစ် ရွေးချယ် တင်မြှောက် လိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးဟာ အစိုးရနဲ့ ဘားအံမြို့မှာ အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့တဲ့သူ ဖြစ်ပြီး၊ ဖေဖေါ်ဝါရီလကလည်း ဘားအံမှာ ကေအန်ယူ တပ်မဟာတွေရဲ့ ဆက်ဆံရေးရုံးကို ဦးစီး ဖွင့်လှစ် ပေးခဲ့တဲ့ အတွက်၊ ကေအင်ယူ ဗဟို အလုပ်အမှုဆောင် အဖြစ်ကနေ ထုတ်ပယ် ခံခဲ့ရသူ ဖြစ်ပါ တယ်။

အခု ကွန်ဂရက် မတိုင်ခင် အချိန် ကမှ၊ ကေအန်ယူ အတွင်း သွေးမကွဲအောင် ဆိုပြီး၊ သူ့ကို မူလ ဗဟို အလုပ်အမှုဆောင် နေရာ ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

အရင် အထွေထွေ အတွင်းရေးမှူးချုပ် နော်စီ ဖိုးရာစိန်က ဒုဥက္ကဌ ဖြစ်လာပြီး၊ အထွေထွေ အတွင်းရေးမှူးချုပ် ကတော့ စောကွယ် ထူးဝင်း ဖြစ်လာ ပါတယ်။ အတွင်းရေးမှူး ၁ နဲ့ အတွင်းရေးမှူး ၂ တို့ကတော့ စောသောသီဘွဲ နဲ့ မန်း မန်းမန်း တို့ ဖြစ်ကြ ပါတယ်။

ကျန်တဲ့ အရေးကြီး ရာထူး တခု ဖြစ်တဲ့ စစ်ဦး စီးချုပ် ရာထူး ကိုတော့ လက်ရှိ ကေအန်ယူ တပ်မဟာ ၇ တပ်မဟာမှူး လည်းဖြစ်၊ ဒုတိယ စစ်ဦးစီးချုပ် လည်း ဖြစ်တဲ့ ဗိုလ်ချုပ် စောဂျော်နီ ရမယ်ဆိုပြီး တစ်ပြေးနေ ပါတယ်။

စောမူတူး ဥက္ကဌ ဖြစ်လာတဲ့ အတွက် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ ဆက်တိုက် ဆက်လုပ်သွား လိမ့်မယ်လို့ ယူဆရ ပါတယ်။

ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ကလည်း ဗိုလ်ချုပ် မူတူး ကေအန်ယူ ဥက္ကဌ ဖြစ်လာတဲ့ အပေါ် ကြိုဆို လိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။