BBC navigation

ဒေါ်အောင်ဆန်းစုကြည် ကော့သောင်း ခရီးစဉ်

နောက်ဆုံး ရေးသားချိန် 22 ဒီဇင်ဘာလ 2012 - 16:59 GMT

ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထု သိန်းနဲ့ ချီပြီး ကြိုဆိုခဲ့ ကြ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့ လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည် ဟာ တနင်္သာရီတိုင်း ကော့သောင်းမြို့ကို ပထမဆုံး ခရီးစဉ် အဖြစ် စနေနေ့က ရောက်ရှိ လာရာ၊ ပြည်သူ လူထု သိန်းနဲ့ချီပြီး ကြိုဆိုခဲ့ ကြပါတယ်။

ကော့သောင်း အရောက် ပထမဦးဆုံး အနေနဲ့ သာသနာ့ ရိပ်သာ ကျောင်းတိုက်က ဆရာတော်တွေဆီ သွားရောက် ကန်တော့ခဲ့ ပါတယ်။

အဲဒီနောက် အေးရိပ်ငြိမ် ရပ်ကွက် ရန်ကြီးအောင် ဘောလုံးကွင်းမှာ ပြည်သူတွေကို မိန့်ခွန်း ပြောဖို့အသွား လမ်းတလျှာက်မှာ ပြည်သူတွေက သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ ပါတယ်။

မိန်းခွန်း ပြောကြားရာ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ အနေနဲ့ အကျင့်တွေ ပြင်ဖို့နဲ့ အမှန်ကို ရင်ဆိုင် နိုင်တဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိဖို့တို့ကို အဓိက ပြောကြားသွား ပါတယ်။

ညနေ(၃) နာရီမှာတော့ မြိတ်မြို့ကို ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။