BBC navigation

မှော်ဘီ ရပ်ကျေးရွေးပွဲ ထိုးကြိတ်မှုဖြစ်

နောက်ဆုံး ရေးသားချိန် 23 ဒီဇင်ဘာလ 2012 - 17:05 GMT
burma election

ရပ်ကွက် လူကြီး ရွေးပွဲတွေ ကျင်းပနေ

မှော်ဘီမှာ ရပ်ကွက် လူကြီး ရွေးပွဲကို မသမာဘူး ဆိုပြီး ပြန်ရွေးတဲ့ ပွဲမှာ ရပ်ကွက်လူကြီး လုပ်သူက မဲရုံ ကြီးကြပ်ရေးမှူးကို ကိုယ်ထိလက်ရောက် စော်ကားတဲ့ အမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးက ပြောင်းလာတဲ့ ရပ်ကွက် လူကြီး ဦးသိန်းဝင်းက မဲရုံထဲ ဝင်ထိုင်နေလို့ ထွက်ပေးဖို့ မဲရုံ ကြီးကြပ်ရေးမှူး ဦးမြင့်သန်းက ပြောတာကို ရပ်ကွက်လူကြီးရဲ့ လူက ဝင်ပြီး ထိုးကြိတ်တယ်လို့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုအေးလွင်က ဘီဘီစီ ကို ပြောကြား ပါတယ်။

မှော်ဘီ လွှတ်တော် ကိုယ်စားလှယ် ဦးလှဦး အိမ်ထဲက တုတ်တွေ ကိုင်ပြီး ထွက်လာတယ်လို့လဲ ကိုအေးလွင်က ဆိုပါတယ် ။

ကြီးကြပ်ရေးမှူးက ရဲစခန်းမှာ အမှုဖွင့်ထား ပေမယ့် အရေးမယူသေးဘူးလို့လဲ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။