BBC navigation

မြန်မာ့ နျူကလီးယား ငြိမ်းချမ်းတဲ့ နေရာမှာပဲ သုံးမယ်လို့ဆို

နောက်ဆုံး ရေးသားချိန် 23 ဒီဇင်ဘာလ 2012 - 02:02 GMT
myanmar military

မြန်မာ က နျူကလီးယား လက်နက် ထုတ်မှာ ကို နိုင်ငံတကာ က မလိုလား

မြန်မာ ကာကွယ်ရေးဦးစီးချုပ် က နိုင်ငံ ရဲ့ နျူကလီးယား စီမံကိန်းဟာ လက်နက်အတွက် မဟုတ်ပဲ ငြိမ်းချမ်းတဲ့ နေရာမှာသာ သုံးမယ် လို့ ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းပွဲမှာ နျူကလီးယား စီမံကိန်း ဟာ စွမ်းအင်ပိုင်း နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် နည်းပညာ ပိုင်းတွေ မှာ သာ အသုံးချ မှာ ဖြစ်တယ်လို့ ပြောသွားတဲ့ အကြောင်း မြန်မာအစိုးရထုတ် သတင်းစာတွေ ထဲမှာ စနေနေ့ က ဖော်ပြ ထားပါတယ်။

မြန်မာ့ နျူကလီးယား ထုတ်လုပ်ရေး က လက်နက်ထုတ်လုပ်ရေး အထိ ဖြစ်နိုင်တယ် လို့ ပြောကြားခဲ့တဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်း က အရပ်ဘက်သုံး အတွက် နျူကလီးယား ထုတ်မယ် ဆိုရင်တောင် မြန်မာနိုင်ငံ မှာ အခုလက်ရှိ နည်းပညာ နဲ့ မလုံလောက်နိုင်ဘူး လို့ ဆိုပါတယ်။

လုံခြုံစိတ်ချစွာ ထုတ်လုပ်နိုင်ဖို့နိုင်ငံတကာ အကူအညီ နဲ့မှ ရနိုင်မယ် လို့ လည်း သူ က ဆိုပါတယ်။

အမေရိကန် သမ္မတရဲ့ ပြီးခဲ့တဲ့ လ က မြန်မာနိုင်ငံ ခရီးစဉ် အပြီးနောက်မှာ မြန်မာ အစိုးရ က နျူကလီးယား နဲ့ ပတ်သက်တဲ့ စက်ရုံတွေ ကို နိုင်ငံတကာ အသိုင်းအဝိုင်း ကို လာရောက် လေ့လာခွင့်ပြုမယ် လို့ ကြေညာ ခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။