BBC navigation

မြန်မာ့သတင်းဂျာနယ် အခြေအနေ

နောက်ဆုံး ရေးသားချိန် 25 ဒီဇင်ဘာလ 2012 - 01:16 GMT
_burma_news

မြန်မာ့သတင်းဂျာနယ်များ

မြန်မာနိုင်ငံမှာ စာပေစီစစ်ရေး ကင်းလွတ်ခွင့် ရခဲ့တဲ့ သက်တမ်း ၄ လ ကျော်လာတဲ့ နောက်ပိုင်း အခြေအနေ ကို ကြည့်မယ်ဆိုရင် ဂျာနယ်အယ်ဒီတာတွေ အနေနဲ့ သတင်း လွတ်လပ်ခွင့် ရလာတာ တွေ့ရပေမယ့် ကျင့်ဝတ်ပိုင်း ဆိုင်ရာတွေကြောင့် စာဖတ် ပရိတ်သတ်၊ အစိုးရပိုင်း၊ လွှတ်တော်၊ NGO၊ နဲ့ တချို့ အဖွဲ့အစည်းတွေ ရဲ့ အထင်လွဲတာ ခံရကြောင်း မြန်မာစာနယ်ဇင်း ကောင်စီ ယာယီအတွင်းရေးမှူး က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်မှာ အစိုးရ က ပြောင်းလဲနေပေမယ့် အစိုးရ ပိုင်းထဲမှာပဲ မပြောင်းလဲလိုသူတွေ ရှိနေဆဲ ဖြစ်တဲ့ အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကပင် သတင်းဂျာနယ်တွေ အပေါ် တရားစွဲမှု ပေါ်ပေါက်ခဲ့ပါတယ်။

သတင်းတင်ဆက်မှု မြန်ဆန်လာတဲ့ နေရာမှာတော့ လက်ပံတောင်းတောင် မှာ သန်းကောင်ကျော် ည ၂ နာရီ မီးလောင်မှု အခင်းဖြစ်ပွားတဲ့ သတင်းဓါတ်ပုံ ဟာ မနက်မှာ တက်လာတဲ့ အကြောင်း၊ Myanmar Independent News ဂျာနယ် တာဝန်ခံ အယ်ဒီတာက ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒါပေမယ့် နိုင်ငံပိုင် သတင်းစာထဲ မှာ သတင်းဂျာနယ်တွေ က ကြော်ငြာ ထည့်ရာမှာတော့ အများ ပြည်သူ အထင်အမြင် လွဲမှားအောင် ဖြုတ်ထုတ်ဖြတ် လုပ်ပုံက နိုင်ငံရေး အရ လုပ်သွားတဲ့ အသွင်ဆောင်ကြောင်း လည်း Myanmar Independent News ဂျာနယ် တာဝန်ခံ အယ်ဒီတာက ဘီဘီစီ ကို ပြောပြပါတယ်။

တဖက်မှာလည်း မြန်မာ့ဂျာနယ် လောက မှာ သတင်းထောက်နဲ့ တက်ကြွလှုပ်ရှားသူ တွေ ရောထွေးနေလို့ ကျင့်ဝတ်ပိုင်း ဆိုင်ရာနဲ့ ဘက်မလိုက်ပဲ အဖြစ်မှန် အတိုင်းတင်ပြမှု မှာ အားနည်းနေတဲ့ အတွက် အနာဂတ်မှာ တရားစွဲဆိုမှု တွေ ပိုများလာဘွယ် ရှိတဲ့ အကြောင်း ဝါရင့် အယ်ဒီတာ တွေ က ခန့်မှန်းနေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။